အကြံပေးချက်များ နှင့် သင်ခန်းစာ အနှစ်ချုပ်

အကြံပေးချက်များ နှင့် သင်ခန်းစာ အနှစ်ချုပ်

အင်တာနက်ကို အသုံးပြုတဲ့အခါ ဖြတ်သန်းသွားလာရာလမ်းတစ်လျှောက်မှာ လုံခြုံတဲ့ service  တွေ platform တွေကို အသုံးပြုပြီး ကိုယ့်ရဲ့‌ နေ့စဉ် အသုံးပြုတာတွေနဲ့ ဒေတာအချက်အလက်များကို ကာကွယ် ဖို့လို်အပ်ပါတယ်။ ကိုယ့်ရဲ့ နာမည် မှတ်ပုံတင်နံပါတ် အတိအကျ နဲ့ register တွေပြုလုပ်ထားတဲ့ Sim card တွေ အသုံးပြုခြင်းကိုရှောင်ရှားဖို့လိုအပ်ပြီး မဖြစ်မနေအသုံးပြုရမယ်ဆိုပါက အရေးကြီးသော ထိရှလွယ်သော ပြောဆိုမှုတွေကို ရိုးရိုးဖုန်းမှပြောဆိုခြင်း , SMS နှင့်ပြောဆိုခြင်းများရှောင်ရှားသင့်ပါတယ်။ Telegram ,  Signal အစရှိသော Encryption ပါဝင်တဲ့ ဆက်သွယ်ရေး Platform တွေကနေ ပြောဆိုခြင်းများ ပြုလုပ်သင့်ပြီး ဒီ Platform တွေမှာ အကောင့်ဖွင့်ခြင်းကိုလဲ တတ်နိုင်သမျှ   နာမည်နဲ့ မှတ်ပုံမတင်ထားသော sim များနှင့်အကောင့်ဖွင့်ထားသင့်ပါတယ်။ လုံခြုံစိတ်ချရသော  VPN များကိုအသုံးပြုသင့်ပါတယ်။ ကိုယ်နဲ့ချိတ်ဆက်ဆက်သွယ်မယ့် လူများနှင့် လုံခြုံသော ဆက်သွယ်ရေး အစီအစဉ်များကြိုတင်ချမှတ်ထားသင့် ပါတယ်။ လုံခြုံစိတ်ချရသော Platform များ Website များကို အသုံးပြုခြင်းဖြင့် နေ့စဉ် ဒစ်ဂျစ်တယ်ဘဝရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးကို အထူးဂရုပြု ကာကွယ်ဖို့လိုအပ်ပါတယ်။

ဆင်းကဒ်များ၏အလုပ်လုပ်ပုံအရ

  • ကိုယ့်ရဲ့  တည်နေရာကို ဖုန်းတွေထဲမှာရှိတဲ့  ကွန်ရက်များနှင့်ချိတ်ဆက်နေသော Sim card တွေကနေ တစ်ဆင့် ထောက်လှမ်းခံရနိုင်ပါတယ်။
  • ဖုန်းခေါ်ဆိုမှုတွေကိုလည်း အလွယ်တကူ စောင့်ကြည့်နေနိုင်ပါတယ်။
  • SMS တွေဟာ လုံခြုမှုမရှိပါ၊ ဒါ့အပြင် SMS ပို့ဆောင်တာ၊ လက်ခံတာ တစ်ခုချင်းစီ နောက်ကွယ်မှာ Cell log data အရ တည်နေရာကိုပါ ထောက်လှမ်းနိုင်ပါတယ်၊ ဒါတွေကိုလည်း ၃ နှစ်အထိ ထိန်းသိမ်းထားမှာဖြစ်ပါတယ်။

ဒါအပြင့် အင်တာနက်က ဆက်သွယ်မှုတွေကိုလဲ မလုံခြုံသော စိတ်မချရသော အလွယ်တကူ လွှမ်မိုးခံရနိုင်သော ဆိုရှယ်မီဒီယာ များအသုံးပြုရင်လည်း ဒီလို အင်တာနက် ဆက်သွယ်မှုတွေမှာ  ….

  • VPN မဖြစ်မနေအသုံးပြုပါ
  • ကိုယ်အသုံးပြုသော  SIM card များကို အထူးဂရုစိုက်ပါ။ တတ်နိုင်သမျှ ကိုယ့်နာမည် နဲ့ မှတ်ပုံတင်မထားတဲ့ SIM card များကိုအသုံးပြုပါ။
  • မှတ်ပုံတင် SIM ကဒ်များကို သုံး၍ Telegram, Signal, Facebook, Gmail အစရှိသဖြင့် ဆိုရှယ်မီဒီယာတွေ ၊ အကောင့်တွေနဲ့ချိတ်ဆက်ထားပါက လုံခြုံရေးဆက်တင်များကိုချိန်ညှိထားဖို့လိုအပ်ပါတယ်။
  • ကိုယ် နာမည်နဲ့မှတ်ပုံတင်ထားသော Sim Card  များက အချိန်မရွေး Triangulation လုပ်ခံရနိုင်တဲ့အတွက်ကြောင့် မလိုအပ်တဲ့ အခါ  Sim Card ဖြုတ်ထားသင့်ပါတယ်။ သယ်ဆောင် သိမ်းဆည်းဖို့လိုအပ်ပါက ခဲဘူး ခဲပတ် များကို ပတ်ပြီး သိမ်းဆည်း နိုင်ပါတယ်။ ခဲဘူး ခဲပတ်တွေက sim card တွေကနေ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်တွေကို သွားရောက် ချိတ်ဆက်တဲ့ radio wave တွေကို တားဆီး ပေးနိုင်ပါတယ်။  နိုင်ငံခြား Shopping Website တွေမှာဆိုရင် အသင့်ပြုလုပ်ပြီးသား Faraday’s cage ဆိုပြီး ခဲနဲ့ပြုလုပ်ထားတဲ့ Box ( ဘူး ) တွေ အိတ်တွေ ရောင်းတာမျိုးလဲရှိပါတယ်။

လုံခြုံရေးဆိုင်ရာ အကြံပြုချက်များ

  • အင်တာနက်မရတဲ့အချိန် ဆက်သွယ်မှုများအတွက်  Encrypted SMS  ပို့နိုင်တဲ့ Silence ကို Secure session ပြုလုပ်ပြီး အသုံးပြုပါ။
  • SIM card လုံခြုံရေးအတွက် Triangulation ပြုလုပ်ခံရခြင်းကိုရှောင်ကြည်ရန် အသုံးမပြုပါက Faraday’s box ,  ခဲပတ် ခဲဗူး စတာတွေက်ို အသုံးပြုပြီး သိမ်းဆည်းပါ။
  • လုံခြုံစိတ်ချရသော လုံခြုံရေး အားကောင်းသော VPN များကိုအသုံးပြုပါ။
  • လုံခြုံသောဆက်သွယ်ရေးအတွက်  – Signal, Telegram ( Secret Chat ), Wire, Session အစရှိတဲ့ End to End Encryption ပါဝင်တဲ့  Platform များမှ ဆက်သွယ်ပြောဆိုပြီး  Disappearing message ကို အသုံးပြုပါ။
  • လုံခြုံသော အီးမေးလ် ဆက်သွယ်ရေး အတွက် –  Protonmail , Gmail ကို FlowCrypt ကဲ့သို့ PGP (Pretty Good Privacy) စနစ် နဲ့ တွဲဖက်အသုံးပြုတာ အစရှိသဖြင် End to End Encryption  ပါဝင်သော Mailing System များအသုံးပြုသင့်ပါတယ်။
  • လုံခြုံသော အင်တာနက် Browser များ အတွက် Browser များကို လုံခြုံရေးဆက်တင်များကိုသေချာပြင်ဆင် ပြီး အသုံးပြုပါ။

ခုသင်ခန်းစာ တစ်ခုလုံးပဲနဲ့ ပတ်သတ်ပြီးဖြစ်ဖြစ် အကြံပြုချက်တွေနဲ့ ပတ်သတ်ပြီးတော့ပဲဖြစ်ဖြစ် ဆွေးနွေးချင်တာ၊ အကြံပြုချင်တာရှိရင် comment လေးထားခဲ့ဖို့ အကြံပြုပါတယ်။