Course Content
End-To-End Encryption ကိုထောက်ပံ့ပေးသော Application များ
ဒီသင်ခန်းစာမှာတော့ End-To-Encryption ကိုထောက်ပံ့ပေးတဲ့ App တွေရဲ့ အသုံးပြုပုံကို လေ့လာရမှာဖြစ်ပါတယ်။
0/4
လုံခြုံစွာ ဆက်သွယ်ရေးစနစ်တစ်ခုကို ဖော်ဆောင်ခြင်း
0/1
2. အခြေခံ ဆက်သွယ်မှုဆိုင်ရာ လုံခြုံရေး
About Lesson

Protonmail အသုံးပြုနည်း

Protonmail ကတော့ လုံခြုံအားကောင်းပြီး End-To-End Encryption ကိုအပြည့်အဝ ထောက်ပံ့ပေးတဲ့ ဆက်သွယ်ရေး စနစ်တစ်ခုဖြစ်ပါတယ်။  Gmail အစားပိုပြီး လုံခြုံအားကောင်းတဲ့ Mail ကိုအသုံးပြုမယ်ဆိုရင်တော့ Protonmail ကိုအသုံးပြုနိုင်ပါတယ်။ လုံခြုံအားကောင်းတဲ့ အပြင်  Open Source နည်းပညာဖြစ်ပြီး အခမဲ့အသုံးပြုနိုင်သလို အခကြေးငွေပေးပြီးလည်း အသုံးပြုနိုင်ပါတယ်။ သူက Google Product တွေလိုပဲ Google Drive ထဲမှာ Google Docs, Sheet, Slide တွေ စုပြီး အလုပ်လုပ်နိုင်တဲ့ Working Space ရှိသလိုပဲ Proton မှာလည်း Proton Drive, Proton Calendar, Proton VPN ဆိုပြီးရှိပါတယ်။ အားသာချက်ကတော့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကုမ္ပဏီက ကြည့်နေခြင်းမရှိသလို တစ်ခြားသူတွေနဲ့လည်း မျှဝေသုံးစွဲပြီး ကြေငြာပြပေးတာတွေ မပြုလုပ်ပါဘူး။ ပေးပို့ဆက်သွယ်သူ နှစ်ယောက်ကြားက အပြန်အလှန်ပေးပို့မှုစာတွေကို နှစ်ယောက်သာ သိရှိနိုင်မည့် အားသားချက်ရှိသလို Protonmail အသုံးမပြုသူများကိုလည်း  Protonmail ကနေတစ်ဆင့် Password များပေးပြီး လုံခြုံစွာ စာများပေးပို့နိုင်မှာပဲဖြစ်ပါတယ်။ Protonmail အသုံးပြုပုံအဆင့်ဆင့်ကို အောက်က ပုံလေးတွေမှာ ဆက်လေ့လာကြည့်ရအောင်။

Step:1 Protonmail ဆိုတာ?

Step:2 Protonmail ရဲ့ အားသာချက်

Step:3 Protonmail အား Google Workspace တစ်ခုလိုအသုံးပြုနိုင်ခြင်း

Step:4 အချိန်တစ်ခု သတ်မှတ်ပြီး Protonmail အား အလိုအလျောက် ဖျက်ပစ်နိုင်ခြင်း

Step:5 Protonmail တွင် Password ခံပြီးပေးပို့နိုင်ခြင်း

Step:6 Protonmail တွင် နှစ်ဆင့်ခံလုံခြုံရေး ထားရှိနိုင်ခြင်း

Step:7 Protonmail တွင် လုံခြုံအားကောင်းသော PGP Key စနစ်ပါရှိခြင်း

  • Protonmail အသုံးပြုပုံအား PDF ဖိုင် အနေနဲ့ Download ဆွဲချင်ပါက Exercise File ထဲတွင် Download ဆွဲ၍ သိမ်းထားနိုင်ပါတယ်။
  • Protonmail နှင့်ပတ်သက်ပြီး မျှဝေလိုတာ ၊ ဆွေးနွေးလိုတာ ရှိပါက Comment Section တွင် ရေးသားခဲ့နိုင်ပါတယ်။
Exercise Files
Pronton Mail_LMS.pdf
Size: 943.40 KB
Join the conversation
Skip to content