လုံခြုံရေးဆိုင်ရာ အကြံပြုချက်များနှင့် သင်ခန်းစာ အနှစ်ချုပ်

အကြံပြုချက်များ နှင့် သင်ခန်းစာ အနှစ်ချုပ်

Browser များ အသုံးပြုသည့်အခါမှာ

  • ကိုယ်ဝင်ရောက်အသုံးပြုတဲ့ Website ဟာ စိတ်ချရမှု ရှိမရှိ စစ်ဆေးပါ။
  • အသုံးပြုနေတဲ့ Browser ကို ပုံမှန် Update ပြုလုပ်ပါ။
  • Password လို ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို Browser တွေထဲမှာ မသိမ်းထားပါနှင့်။
  • အကောင့်များကို အမြဲမဝင်ထားပဲ အသုံးပြုလို့ပြီးတဲ့အခါ အကောင့်များပြန်ထွက်ပါ။
  • Browsing Data တွေဖြစ်တဲ့ Cookie တွေ၊ History တွေကို ပုံမှန် ရှင်းလင်းပေးပါ။
  • လုံခြုံစိတ်ချရတဲ့ Search Engine ကိုသာ ရွေးချယ်အသုံးပြုပါ။
  • အချက်အလက်စီးဆင်းမှု လုံခြုံရေးအတွက် VPN ကို အသုံးပြုပါ။
  • မှတ်တမ်းမကျန်ခဲ့ချင်ရင် Private Window ဖွင့် အသုံးပြုသင့်ပါတယ်။

လုံခြုံရေးချိန်ညှိထားသော Browser များအား Private Window မှတစ်ဆင့်အသုံးပြုခြင်းဟာ Browser ကို ပိတ်လိုက်ရုံနဲ့ Browser အသုံးပြုစဉ်အတွင်း သိမ်းဆည်းထားတဲ့ ဒေတာများအား ဖျက်ပေးနိုင်တဲ့အတွက် အရေးပေါ်အခြေအနေအတွက် အသုံးဝင်ပါသည်။