Firefox Focus အား လုံခြုံရေးတိုးမြှင့်ခြင်း
Firefox Focus ဆိုတာကတော့ လုံခြုံစိတ်ချရတဲ့ Browser တစ်ခုဖြစ်ပါတယ်။ Firefox လို Mozilla က ထုတ်တဲ့ Browser တစ်ခုဖြစ်ပါတယ်။ Private Browser တစ်ခုဖြစ်ပြီး တစ်စုံတစ်ခုရှာဖွေတဲ့အခါမှာ အင်တာနက်ပေါ်မှာ ခြေရာလက်ရာဘာမှ မကျန်ခဲ့ပဲ ကြော်ငြာတွေနဲ့ အင်တာနက်ပေါ်မှ ခြေရာခံစောင့်ကြည့်သူတွေကို အလိုအလျောက် ကာကွယ်ပေးထားပါတယ်။ Firefox Browser ကို Setting များ ချိန်ညှိပြီးသားလို့ အသုံးပြုနိုင်မယ့် Browser တစ်ခုဖြစ်ပြီး Default Browser တစ်ခုအနေနဲ့ သုံးသင့်တဲ့ Browser တစ်ခုလည်း ဖြစ်ပါတယ်။ Android ရော iOS ရောမှာပါ အသုံးပြုနိုင်ပြီး သင်ခန်းစာအတွင်း လုပ်ဆောင်ချက်များကို လိုက်ပါလုပ်ဆောင်နိုင်ဖို့ ကြိုတင် Download ဆွဲထားဖို့ လိုအပ်ပါတယ်။
အဆင့် ၁ ။ လုံခြုံရေး Setting များ ချိန်ညှိနိုင်ဖို့အတွက် ညာဘက်ထောင်က အစက်ကလေး သုံးစက်ကို နှိပ်ပြီး Settings ကို ရွေးချယ်ပါ။
အဆင့် ၂ ။ General ထဲက Make Firefox Focus Default Browser ကို ရွေးချယ်ပြီး Firefox Focus ကို လင့်တစ်ခုခုကို နှိပ်ကြည့်လိုက်တဲ့အခါ အလိုအလျောက်ပွင့်သွားမယ့် Browser တစ်ခု အဖြစ်ရွေးချယ်ထားနိုင်ပါတယ်။ Set Firefox as your default browser app အောက်မှာ Firefox Focus ကို ရွေးချယ်ပြီး Set as Default ကို နှိပ်ပါ။
အဆင့် ၃ ။ Ad Tracker တွေ Analytic Tracker တွေ Social Tracker တွေ တခြား Content Tracker တွေကို Block လုပ်ပေးထားတဲ့ Setting တွေ Default ဖွင့်ပေးထားတာ တွေ့နိုင်ပါတယ်။
အဆင့် ၄ ။ Cookies and Site Data အောက်က Block Cookies ထဲကို ဝင်ရောက်ပြီး ကိုယ် Block ချင်တဲ့ Cookie အမျိုးအစားတွေကို ရွေးချယ်နိုင် ပါတယ်။ Yes Please ကို ရွေးချယ်ထားရင်တော့ တောင်းသမျှ Cookie တိုင်းကို Block လုပ်ပေးမှာပါ။
Stealth ကို ဖွင့်ထားရင်တော့ Application အတွင်း Screenshot ရိုက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ Application တစ်ခု နှင့် တစ်ခု အကူးအပြောင်းလုပ်ရာမှာလည်း Firefox Focus အတွင်းက ရှာဖွေနေတာတွေကို မမြင်ရအောင် ပြုလုပ်ပေးထားပါတယ်။
အန္တရာယ်များပြီး လိမ်လည်လှည့်ဖြားခံရနိုင်ချေရှိတဲ့ Website တွေကို ရှာဖွေမှုတွေမှာ ပေါ်မလာဖို့ Block potentially dangerous and deceptive site ကို ဖွင့်ပေးထားပါတယ်။
Https နဲ့ စတဲ့ လုံခြုံတဲ့ Website တွေကိုပဲ ဝင်နိုင်အောင်လည်း Https-only Mode ကို ဖွင့်ပေးထားပါတယ်။
Firefox ဟာ အသင့်သုံးရုံနီးပါး ချိန်ညှိပေးထားတဲ့ Browser တစ်ခုလည်း ဖြစ်ပါတယ်။ Private ဖြစ်တဲ့အတွက် ထွက်လိုက်တဲ့အခါမှာ History ကို Erase နှိပ်လိုက်ရုံနဲ့ ဖျက်လိုက်နိုင်တာ ဖြစ်တဲ့အတွက် ထိရှလွယ်တဲ့ အကြောင်းအရာတွေကို ရှာဖွေဝင်ရောက်ရာမှာ အသုံးပြုရအဆင်ပြေပါတယ်။