6. အခြေခံအကောင့်လုံခြုံရေး
About Lesson

Google အကောင့်ရဲ့ လုံခြုံရေးကာကွယ်ခြင်း ဆက်တင်များအား ချိန်ညှိခြင်း

၂၁ရာစု ကြီးထဲမှာ G-mail အကောင့်မရှိတဲ့သူ အင်မတန်မှ ရှားပါတယ်။ ကိုယ် ကိုယ်တိုင် G-mailအကောင့်ကို မသိရင်တောင် ဖုန်းဝယ်တဲ့အချိန် ဆိုင်ကနေဖွင့်ပေးခဲ့တဲ့ Google အကောင့်ကြီးကတော့ Password (လျို့ဝှက်နံပါတ်) မမှတ်မိရင်တောင် သင့်ဖုန်းထဲမှာ ရှိနေမှာပါ။ G-mail အကောင့်တစ်ခုတည်းနဲ့ ချိတ်ဆက်ထားတဲ့ Google Product တွေကိုအသုံးပြုတဲ့အခါမှာ Google ကရော ကိုယ့်ကိုစောင့်ကြည့်နေရဲ့လား ဆိုတဲ့ မေးခွန်းကို လူတိုင်းမေးမိကြမှာတော့အမှန်ပါပဲ။ 

Google ကအသုံးပြုသူတွေရဲ့ ဒေတာတွေကို စောင့်ကြည့်ပါတယ်။  G-mail အကောင့်တစ်ခုနဲ့ ချိတ်ဆက်ပြီး Google ထုတ်ကုန်တွေကိုအသုံးပြုတဲ့အခါမှာတော့ အသုံးပြုသူ (User) တွေရဲ့အချက်အလက်တွေဖြစ်တဲ့  ဘာတွေရှာဖွေလဲ၊ ဘယ်အရာတွေကို Online ကအများဆုံးဝယ်ယူလဲ၊ YouTube မှာဘာတွေကြည့်လဲ၊ Location ကို “ON” ထားပေးမယ်ဆိုရင်တော့ အသုံးပြုသူတွေရဲ့ တည်နေရာတွေကိုပါ စုဆောင်းသိမ်းဆည်းသလို၊ ဖုန်း Contact တွေကို Google ကို သိမ်းခိုင်းတယ် ဆိုရင်တော့ အသုံးပြုသူရဲ့ ဖုန်း Contact ထဲမှာရှိတဲ့သူတွေကိုပါ မှတ်ထားပေးနိုင်ပါတယ်

ဒီအချက်အလက်တွေကို ဘာကြောင့်သိမ်းလဲဆိုရင်တော့ User Experience လို့ခေါ်တဲ့ အသုံးပြုတွေအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ၊ အတွေ့အကြုံတွေ ပေးချင်လို့ အချက်အလက်စုဆောင်းခြင်း တွေ (Data Collection ) ပြုလုပ်တယ်ဆိုပေမယ့်၊ တကယ်တမ်းမှာတော့  အသုံးပြုသူတွေရဲ့ ရှာဖွေမှုတွေ မှတ်တမ်းတင်ထားပြီး ဒီ G-mail အကောင့်နဲ့ အသုံးပြုသူကတော့ဖြင့် ဘယ်ဖုန်းအမျိုးအစားသုံးပြီး ၊ ဘာတွေကို ရှာဖွေနေတယ်၊ ထိုသူရဲ့ စိတ်ဝင်စားမှုတွေက ဒါတွေပါဆိုပြီး Personalized လုပ်ပါတယ်။ ပြီးတော့ Google Ads ကနေ သင် စိတ်ဝင်စားလောက်မယ့် ကြေငြာတွေကိုပြပေးပါလိမ့်မယ်။ အချက်အလက် များများစုဆောင်းလေလေ သူတို့အတွက်ကတော့ အကျိုးအမြတ်များများရလေ ဖြစ်ပါတယ်။ ဒါတောင် ကုမ္ပဏီဘက် ဒေတာတွေကို ဘယ်လိုစုဆောင်းလဲ၊ ပြီးတော့ အသုံးပြုတွေရဲ့ အချက်အလက်တွေကို တစ်ခြား ကုမ္ပဏီ ( Third Party Company) တွေကို ရောင်းချထားသလားဆိုတာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

အဲ့ဒီလို ဒေတာအချက်အလက်တွေ Google က အလွယ်တကူ စုဆောင်းနိုင်တာဟာ အချို့သော Setting တွေကြောင့်ဖြစ်ပါတယ်၊။ အဲ့ဒါကြောင့် ကိုယ့်အနေနဲ့  Service ကိုအသုံးပြုရာတွင် မဖြစ်မနေလိုအပ်သော အချက်အလက်ဒေတာတွေကလွဲပြီး အခြားမလိုအပ်တဲ့ အချက်အလက်ဒေတာတွေကို မပေးရလေအောင် Google ရဲ့ Privacy Security Setting တွေထဲမှဝင်ရောက်ချိန်ညှိနိုင်ပါတယ်။

Google ရဲ့ အကောင့်လုံခြုံရေးကာကွယ်ခြင်း ဆက်တင်များကိုတော့  Video ထဲမှာ ကြည့်ရှု လေ့လာနိုင်ပါတယ်။

Google အကောင့်ရဲ့ လုံခြုံရေးကာကွယ်ခြင်း နဲ့ ပတ်သတ်ပြီး မျှဝေချင်တာ၊ တွေးမိတာ၊ ဆွေးနွေးလိုတာ ရှိတယ်ဆိုလည်း Comment Section မှာ စာချန်ခဲ့နိုင်ပါတယ် ။

Join the conversation
Skip to content