Google – Find My Device
ဒါကတော့ အင်မတန်မှ အသုံးဝင်တဲ့ လုပ်ဆောင်နည်းတစ်ခုပဲဖြစ်ပါတယ်။ Gmail ရဲ့ Settingထဲမှာ Find My Device ကို ဖွင့်ထားပေးမယ်ဆိုရင် ကိုယ်ပျောက်သွားတဲ့ ဖုန်းကို ပြန်လည်ခြေရာခံနိုင်မှာပဲဖြစ်ပါတယ်။ ဖုန်းပြန်မရတော့ဘူးလို့ ယူဆတဲ့ အခြေအနေမှာလည်း ကိုယ့်ရဲ့ ဖုန်းထဲမှာရှိတဲ့ ဒေတာတွေကို ဖျက်ပစ်နိုင်ပါတယ်။ အဲဒီတော့ တကယ်ပဲ ဖုန်းကို ခြေရာခံနိုင်မလား (ဒါမှဟုတ်) ဒေတာတွေကို ပျက်အောင် လုပ်နိုင်သလားဆိုတာကို သင်ခန်းစာ ဗီဒီယိုထဲမှာ လေ့လာကြည့်နိုင်ပါတယ်။
Google – Find My Device နဲ့ ပတ်သက်ပြီး မျှဝေချင်တာ ၊ ဆွေးနွေးချင်တာတွေရှိရင် Comment Section မှာ ပေးခဲ့နိုင်ပါတယ် ။