Social Engineering ဆိုတာဘာလဲ
Social Engineering ဆိုတာကတော့ ပစ်မှတ်ထားခံရတဲ့လူရဲ့ အကြောင်းကို လေ့လာပြီး လိုချင်တာကို ရအောင် လှည့်စားရယူခြင်းလို့ နားလည်လို့ရနိုင်ပါတယ်။ တစ်ဦးတစ်ယောက် ကို ဖြစ်စေ၊ လူအများကို ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကို ဖြစ်စေ အချိန်ပေးလေ့လာပြီး ဟာကွက်တွေကို ရှာဖွေကာ အရေးကြီးအချက်အလက်တွေကို ဖြစ်ဖြစ်၊ ငွေကြေးကိုဖြစ်ဖြစ် လိမ်လည်ရယူခြင်းပဲ ဖြစ်ပါတယ်။ ဆိုက်ဘာပေါ်က မသမာသူတွေက ကွန်ပျူတာတွေ၊ အကောင့်တွေကို တိုက်ခိုက်ရယူရာမှာ စက်ပစ္စည်းတွေ၊ပလက်ဖောင်းတွေရဲ့ ဟာကွက်တွေကို ရှာဖွေတတ်ကြပေမယ့် Social Engineering လုပ်ဖို့အတွက်ဆိုရင်တော့ လူသားတွေရဲ့ ဟာကွက်တွေကို ရှာဖွေတတ်ကြပါတယ်။ Social Engineering ဟာ Online မှာလည်း ဖြစ်နိုင်ပြီး လူကိုယ်တိုင် Offline မှာ လိမ်လည်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Social Engineering အကြောင်း ဆက်လက်ဖတ်ရှုရန်
Social Engineering နဲ့ ပတ်သက်ပြီး မျှဝေချင်တာ ၊ ဆွေးနွေးချင်တာရှိရင် Comment Section မှာ စာချန်ခဲ့နိုင်ပါတယ် ။