6. အခြေခံအကောင့်လုံခြုံရေး
About Lesson

Facebook အကောင့်လုံခြုံရေး

Facebook ကို  Harvard တက္ကသိုလ် ရဲ့ ကျောင်းသားတွေဖြစ်တဲ့ Mark Zuckerberg, Eduardo Saverin, Dustin Moskovitz, and Chris Hughes တို့က ၂၀၀၄  ခုနှစ်မှာ စတင်ဖန်တီးရေးဆွဲခဲ့ပြီး ခုချိန်မှာတော့ အသုံးပြုသူပေါင်း ၃ ဘီလီယံထိ ရှိနေတဲ့ အကြီးဆုံး  ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။  Facebook သည် ကမ္ဘာနှင့်တစ်ဝန်းမှာ နံပါတ်တစ် လူသုံးများဆုံး Social Media လို့တောင် ပြောနိုင်ပါတယ် ။  2021  မှာ Facebook ကနေ  Meta အဖြစ် ကုမ္မဏီ နာမည်ပြောင်းလဲကာ ရုံးချုပ်ကတော့ California ပြည်နယ်  Menlo  ပန်းခြံမှာတည်ရှိပြီး   များစွာသော အင်တာနက် ဝန်ဆောင်မှုများကို ပြုလုပ်လျက်ရှိပါတယ် ။  Facebook သည် Privacy Security တွေကို မိမိကိုယ်တိုင် ထိ်န်းချုပ်ခွင့် ကို အတိုင်းအတာတစ်ခုထိပေးထားသော် လည်း Meta ရဲ့ Policy များအရ အသုံးပြုနေသမျှကာလပတ်လုံး အသုံးပြုသူတွေရဲ့ Data တွေကို များနိုင်သမျှ များများ ယူဆောင်ကာ တခြားသော အကျိုးအမြတ်တွေအတွက် အသုံးပြုနေသည်ကို သတိပြုဖို့လိုအပ်ပါတယ်။

Facebook ဟာ အကြီးမားဆုံးသော Social Media ကွန်ယက်တစ်ခုဖြစ်ပါတယ်။ လူများစွာအတွက် သတင်းနှင့် သတင်းရင်းမြစ် ရရှိရာ နေရာတစ်ခုဖြစ်ပါတယ်။ မိသားစုများ မိတ်ဆွေများနဲ့ ထိတွေ့နိုင်သည့် နေရာတစ်ခုဖြစ်ပါတယ်။ Facebook ဟာ အကြီးမားဆုံးသော Social Media ကွန်ယက်တစ်ခုဖြစ်ပါတယ်။  လူများစွာအတွက် သတင်းနှင့် သတင်းရင်းမြစ် ရရှိရာ နေရာတစ်ခုဖြစ်ပါတယ်။ မိသားစုများ မိတ်ဆွေများနဲ့ ထိတွေ့နိုင်သည့် နေရာတစ်ခုဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေ ကနေ ကာကွယ်နိုင်ဖို့အတွက် Facebook သုံးစွဲသူတွေဟာ Facebook ရဲ့ Setting တွေကို ကောင်းကောင်းအသုံးချပြီး ကာကွယ်ထားမှသင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် တွေဟာ စိတ်ချလုံခြုံရမှာပါ။ Facebook ပေါ်မှာရှိတဲ့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွ နဲ့ မိမိရဲ့ လုပ်ဆောင်မှုတွေကိုကာကွယ်နိုင် ရန် အတွက်  Facebook အသုံးပြုတဲ့ ပုံစံပေါ်မူတည်ပြီး နှစ်သက်သလို  Security ,  Privacy setting တွေချိန်ညှိဖို့လိုအပ်ပါတယ်။

ဒီနေ့ခေတ်မှာ Facebook ဟာ အသုံးများဆုံး Social Media  များထဲမှ  တစ်ခု အပါအဝင်ဖြစ်ပြီး လုံခြုံရေး ကျိုးပေါက်မှု သတိမမူ ဂရုမပြုသုံးစွဲပါက ကိုယ်ရဲ့ နေ့စဉ်သုံးစွဲမှု ဆိုင်ရာ အချက်အလက်များ အပြင် ကိုယ်ရေးကိုယ်တာ အချက်အလက်များလဲ အလွယ်တကူကျိုးပေါက်သွားနိုင်ပြီ ကိုယ့်ရဲ့ပြင်ပဘဝလုံခြုံရေးထိ ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် Facebook  အသုံးပြုရာတွင်  အသုံးပြုသူ၏လုံခြုံရေးအတွက် ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးဆိုင်ရာဆက်တင်များ ( security setting ) များကို မဖြစ်မ‌နေ ကြိုတင်ချိန်ညှှိသုံးစွဲသင့်ပါတယ်။

Facebook Security Setting များ ချိန်ညှိခြင်း

Security setting တွေချိန်ညှိရန်အတွက် Facebook  ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ Profile မှ Menu ကိုနှိပ်ပါ။Setting & Privacy ကိုနှိပ်ပါ ။ Setting ကို ဆက်နှိပ်ပါ ။ အောက်နားကို ဆက်သွား၍  Security ဆိုတဲ့ခေါင်းစဉ်အောက်က Security and Login  ထဲကိုဝင်ပါ။ Recommended  တွင် ပြုလုပ်ရန်လိုအပ်တဲ့ အရေးကြီးတဲ့ လုံခြုံရေး ဆက်တင်တွေကို Facebook  က ရွေးထုတ်ထားပေးပြီး တစ်ဆင့်ဆီလိုက်လုပ်သွားနိုင်ပါသည်။

security and login

Where you’re logged  in 

Where you’re logged  in  တွင် မိမိ ရဲ့  အကောင့်ကို ဝင်ထားသမျှ စက်ပစ္စည်း  Device တွေကို တည်နေရာ  location နှင့် တကွ တွေ့ရမှာဖြစ်ပါတယ်။  ဒါကြောင့် မိမိမသုံးတော့တဲ့ Device တွေသို့မဟုတ် မိမိရဲ့ Device များရှိရင်ဖယ်ပစ်ဖို့လိုပါတယ်။ မိမိရဲ့ အကောင့်ကို တစ်ယောက်ယောက်က လာ Hack ရင်တောင် Hack တဲ့သူဝင်ရောက်အသုံးပြုတဲ့ Device ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Device အားလုံးကိုမြင်တွေ့နိုင်ရန် See all  ကိုနှိပ်ပါ။ Device ကိုဖယ်ပစ်ရန် မိမိဖယ်ချင်တဲ့ Device ကိုနှိပ်၍ Log out လုပ်ပါ။

log in device

Log in – Change Password 

Log in ခေါင်းစဉ်အောက်တွင် ပထမဦးဆုံးမြင်တွေ့ရမှာ Password ပြောင်းလဲရန် နေရာဖြစ်ပြီး Password  ပြောင်းလဲရန် Change Password ကိုနှိပ်ပါ။  Old Password တွင် မိမိရဲ့ Password အဟောင်းကိုရိုက်ထည့်၍ မိမိပြောင်းလဲချင်တဲ့Password အသစ်ကို  New Password နှင့် Retype new password နေရာတို့တွင် နှစ်ခါရိုက်ထည့်ပါ။

password

Log in – Save you Login information

Log in ခေါင်းစဉ်အောက်တွင် တွေ့ရမယ့် ဒုတိယတစ်ခုကတော့ Save your login information ဖြစ်ပြီး  Facebook ကိုတစ်ခေါက်ဝင်လိုက်တာနဲ့ ကိုယ့်ရဲ့ အချက်အလက်တွေကို မှတ်ထားပေးမှာဖြစ်ပြီး နောက်တစ်ခါ ဒီ Browser ကနေ ထပ်ဝင်ရင် password ထပ်ရိုက်စရာမလိုပဲဝင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေးအရ အမြဲ  Save လုပ်ထားဖို့တော့ အားမပေးပါဘူး။ Save your login information ထဲမှာ ဒီအကောင့်ကိုဝင်သမျှ တခြား Browser တွေ Device တွေကိုပါ မှတ်ထားမှာမို့ ကိုယ်ဝင်ထားတာ မဟုတ်တာကိုတွေ့ရပါကလဲ  Remove saved logon လုပ်နိုင်ပါတယ်။

save your login information

Two Factor Authentication 

Two Factor  Authentication သည် Facebook အကောင့် လုံခြုံရေးအတွက် အရေးကြီးဆုံးနှင့်မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ လုံခြုံရေးဆက်တင်တစ်ခုဖြစ်ပါသည်။

Two Factor ၏ သဘောသည် တစ်စုံတစ်ယောက်က မိမိရဲ့ Facebook  အကောင့်ရဲ့  Username နှင့် password သိရင်တောင်မှ အလွယ်တကူ ဝင်လို့မရတော့ပဲ   Two factor  code ကိုတောင်းမှာပဲဖြစ်ပါတယ်။ Two Factor code သည် မိမိတစ်ဦးတည်းသိတဲ့ ချိတ်ဆက်မှု ဆီကိုသာ ဝင်ရောက်လာမှာပဲဖြစ်ပါသည်။ Two Factor Authentication set up  လုပ်ရန်  Use Two Factor Authentication ကိုနှိပ်ပါ။ Two factor ပြုလုပ်မည်ဆိုလျှင်  Authentication App နဲ့ပြုလုပ်ခြင်း  , Phone Number နှင့်ပြုလုပ်ခြင်းနှင့် Security Key ဖြင့်ပြုလုပ်ခြင်းဆိုပြီး  ၃ မျိုးရှိပါတယ်။

Authentication

1. Two Factor Authentication  with Phone Number

Phone no နဲ့ပြုလုပ်ခြင်းသည် လွယ်ကူပြီး အသုံးများသည်။ Authentication app ဖြင့် ပြုလုပ်ခြင်းသည်  ပိုမိုလုံခြုံပြီးစိတ်ချရသည်။ Security Key နှင့်ပြုလုပ်ခြင်းကတော့ USB  ပုံစံလိုမျိုး pysical key ဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဝယ်ကူရ မလွယ်နိုင်သေးပေ။  Phone Number နှင့် Two factor Authentication ပြုလုပ်ရန် Text Message SMS ကိုရွေးချယ်ပြီး Contine  နှိပ်ပါ။  Password တောင်းခဲ့ရင် မိမိရဲ့ Facebook acc password ကိုထည့်ပါ။ ထို့နောက် မိမိရဲ့ Phone No ကို ရိုက်ထည့်ပါ။  Confirm  ကို နှိပ်ပါ။  ဖုန်းနံပါတ်ထဲ Facebook မှ  Message တစ်စောင်ဝင်လာပါလိမ့်မည်။ ဖုန်း Message ကိုသွားရောက်ကြည့်ရှု၍ Message ထဲတွင် ပါဝင်သော code ၆ လုံးကိုမှတ်၍ Code တောင်းတဲ့ နေရာတွင် ၎င်း code ကိုထည့်လိုက်ပါ။ ဒါဆိုရင်တော့ Phone Number နှင့် Two Factor ခံခြင်း အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သောကြောင့် Done နှိပ်ခဲ့လိုက်ရင် ရပါပြီ။

Authenticator – phone

Two Factor ၏ သဘောသည် တစ်စုံတစ်ယောက်က မိမိရဲ့ Facebook  အကောင့်ရဲ့  Username နှင့် password သိရင်တောင်မှ အလွယ်တကူ ဝင်လို့မရတော့ပဲ   Two factor  code ကိုတောင်းမှာပဲဖြစ်ပါတယ်။ Two Factor code သည် မိမိတစ်ဦးတည်းသိတဲ့ ချိတ်ဆက်မှု ဆီကိုသာ ဝင်ရောက်လာမှာပဲဖြစ်ပါသည်။

2. Two Factor Authentication  with google authenticator

Authentication app နှင့် Two Factor ခံရန်    Google  Authenticator application ကို ဖုန်းထဲ down ထားရန်လိုပါတယ်။  Playstore , app Store , f droid , Apkpure မိမိအဆင်ပြေရာနေရာမှ Download လုပ်နိုင်ပါတယ်။ Facebook  မှာ Use Two factor authentication ကို နှိပ်၍ Authentication  app ကိုရွေးချယ်၍  Continue နှိပ်ပါ ။ ထို့နောက်မြင်ရမယ့် QR code ကို Google Authenticator  application ထဲသို့ဝင်၍ Scan a QR code နှင့် Scan ဖတ်ပြီး set up လုပ်နိုင်သလို ဖုန်းတစ်လုံးထဲနဲ့ ပြုလုပ်နေခြင်းဖြစ်ပါက QR code  အောက်မှ Setup on Same Device  ကိုနှိပ်ပါ ။  တစ်ခါထဲတန်းပြီး Google Authenticator ကိုဝင်သွားမည်ဖြစ်ပြီး Save Key For ဆိုတဲ့ Pop Up box  လေးပေါ်လာပါက Okay ကိုဆက်နှိပ်ပါ။

Authenticator – GA

Google Authenticator ထဲတွင် 6 လုံးတွဲဂဏန်းတစ်ခုကိုမြင်ရမှာဖြစ်ပြီး  အဲ့ဒီ ဂဏန်း ၆ လုံးကိုမှတ်လာပါ။ Facebook ကိုသွားရောက်၍ continues ဆက်နှိပ်ကာ Enter 6 digit code နေရာတွင် မှတ်လာသော  ဂဏန်း 6 လုံးကိုထည့်၍ Continue  ဆက်နှိပ်ပါက Google  Authenticator နှင့်  2 Factor ခံခြင်းအောင်မြင်စွာပြီးဆုံး သွားပြီဖြစ်ပါတယ်။ အောက်ဆုံးနားမှာမြင်တွေ့ရမယ့်  အက္ခရာဂဏန်းများတွဲလျက်ရှိ Code 32  လုံးအား ယူဆောင်၍လည်း Google Authenticator မှ Enter a set up Key  ကိုရွေးချယ်၍ Your  Key နေရာတွင် code 32 လုံးအားထည့်၍လဲ Code ၆ လုံးတွဲရယူနိုင်ရန်  Set up ပြုလုပ်နိုင်ပါတယ်။

Google Authenticator Setup with mobile phone

Recovery Codes ရယူသိမ်းဆည်းထားခြင်း

Two Factor Authentication ကိုဖုန်းနံပါတ် နဲ့ဖြစ်စေ Authentication app နှင့်ပဲဖြစ်စေ ပြုလုပ်ထားပါက Recovery code များမဖြစ်မနေယူထားဖို့လိုအပ်ပါတယ်။ ဖုန်းနံပါတ်ထဲ  code မဝင်လာတာမျိုး authenticator app အလုပ်မလုပ်တာမျိုးဖြစ်ပါက Recovery codes များကို Backup code များအဖြစ်အသုံးပြုနိုင်ပါတယ်။  Recovery codes ထဲကိုဝင်ပါ။ ၈ လုံးတွဲ code 10 စုံကိုတွေ့ရပါမည်။ မှတ်ယူ၍ စိတ်ချရတဲ့နေရာတွင် သိမ်ဆည်းပါ။ တစ်စုံကို တစ်ခါ အသုံးပြုလို့ရပြီး code 10 စုံလုံးကုန်သွားပါက Get New Codes ဖြင့် အသစ်ပြန်လည်တောင်းယူနိုင်ပါတယ်။

recovery code

Authorized logins

Authorised logins ထဲမှာတော့ ကိုယ့်ရဲ့ Facebook အကောင့်ကိုဝင်ထားသမျှ စက်ပစ္စည်းတွေ အားလုံးကိုမြင်တွေ့နိုင်မှာဖြစ်ပြီး ကိုယ့်ဟာ မဟုတ်တဲ့ သံသယဖြစ်ဖွယ် ဝင်ရောက်ထားမှုတွေကိုတွေ့ရှိပါက ဖယ်ထုတ်ဖြစ်နိုင်ပါတယ်။

authorized login

Setting up Extra Security

Setting Up Extra Security  အောက်က  Get alerts about unrecognized logins တွင် မိမိFacebook  ကို သုံးနေကျ စက်ပစ္စည်းမဟုတ်ပဲ တခြား device တစ်ခုခု သို့မဟုတ်  တစ်နေရာရာမှ ဝင်ရောက်နေပါက ချက်ချင်းသတိပေးနိုင်အောင် Login Alerts ကို ဖွင့်ထားနိုင်သည် ။ Facebook Notification မှ ဝင်ရောက်ရန် Notification ကိုနှိပ်၍ Get Notification ကိုရွေး Save နှိပ်၍ On ပါ ။  Facebook နှင့်ချိတ်ဆက်ထားသော Email များကိုဝင်ရောက်ရန် Email ကိုနှိပ်၍  Get email alerts ကိုရွေး Save နှိပ်ပြီး On ပါ။ ( ချိတ်ဆက်ထားတဲ့ email နှစ်ခု ရှိပါက မိမိဝင်စေချင်တဲ့ email တစ်ခုခုကို ရွေးချယ်၍  Save ပါ ) Facebook အကောင့် လုံခြုံရေးအတွက် အကူအညီတစ်ခုခု လိုအပ်ပါကလဲ Get  Help ကနေ လုပ်ဆောင်နိုင်တဲ့ Facebook  Security Setting များကို သွားရောက်လေ့လာနိုင်သလို အဆင့်ဆင့်လဲ လိုက်လံ လုပ်ဆောင်နိုင်ပါတယ်။

setting up extra security

Facebook အကောင့်လုံခြုံရေးနဲ့ ပတ်သက်ပြီး မျှဝေချင်တာ ၊ ဆွေးနွေးချင်တာတွေရှိရင် Comment ပေးခဲ့နိုင်ပါတယ် ။

Join the conversation
Skip to content