6. အခြေခံအကောင့်လုံခြုံရေး
About Lesson

Facebook အကောင့် ကိုယ်ရေးအချက်အလက် လုံခြုံရေး

Facebook အကောင့်အတွက် Security များချိန်ညှိရန်လိုအပ်သလိုပဲ ကိုယ်ရေးက်ိုယ်တာ အချက်အလက် လုံခြုံခွင့်နှင့် ပတ်သတ်တဲ့  Privacy Setting များကိုလည်း ချိန်ညှိရန် လိုအပ်ပါတယ်။

ကိုယ်ရေးကိုယ်တာလုံခြုံမှု ဆက်တင်တွေဆိုတာကတော့  ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ကိုယ်ရဲ့ အချက်အလက်တွေ ၊ Post တွေ စတာတွေကို ဘာတွေကို ပြမယ် ဘာတွေကိုတော့ ကာကွယ်ထားမယ် စတာတွေကနေ စသဖြင့် သတိနဲ့ အသိ ယှည်တွဲအသုံးပြုနိုင်တဲ့ ဆက်တင်တွေပဲဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံခွင့်လို့ပြောရမယ်ဆိုရင်

  • ကိုယ့်ရဲ့ လူမှုကွန်ရက်အကောင့်တွေမှာ  မသိကျွမ်းသောလူများကို သူငယ်ချင်းအဖြစ်လက်မခံခြင်း
  • Post များ၊ ပုံများကို Friend Only နှင့်သာ တင်ခြင်း  ကနေ စလို့ Profile ပိတ်ထားခြင်း စတာတွေ အပါအဝင် တခြားသော ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်ဆိုင်ရာ ဆက်တင်တွေကို ချိန်ညှိခြင်း စသဖြင့်  မိမိကိုယ်တိုင် ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

မှတ်ချက် ။ Privacy setting များကိုချိန်ညှိခြင်းသည် မိမိ၏ လုံခြုံရေးအတွက်ချိန်ညှိခြင်း ဖြစ်တဲ့အတွက် တချို့သော အရာများသည် Public မှမမြင်မတွေ့နိုင်တော့ပေ ။ ထို့ကြောင့် ကိုယ်ရဲ့ လိုအပ်ချက်နှင့် ချင့်ချိန်ပြီး လုပ်ဆောင်ထားဖို့တော့လိုအပ်ပါတယ်။  

Facebook Privacy  Setting များ ချိန်ညှိခြင်း

Facebook ပေါ်မှာရှိတဲ့ မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ မိမိရဲ့ လုပ်ဆောင်မှုတွေကိုကာကွယ်နိုင် ရန် အတွက်  Facebook အသုံးပြုတဲ့ ပုံစံပေါ်မူတည်ပြီး နှစ်သက်သလို  Privacy setting တွေချိန်ညှိဖို့လိုအပ်ပါတယ်။ Privacy Shortcut မှာတော့  Facebook မှ အကြုံပြု‌သော ဆက်တင်များကို   check a few important setting ထဲတွင် လုပ်ဆောင်လို့ရသလို Manage your profile တွင် မိမိရဲ့နာမည် မွေးနေ့ နေရပ်လိပ်စာ တတ်ခဲ့တဲ့ကျောင်းစသည်တို့ကို ဖြည့်သွင်းလို့ရပါတယ်။မြင်စေချင်တဲ့သူများ ကို  public ,  Friend , only me စသဖြင့် ချိန်ညှိနိုင်သည် ။ တခြားလူမြင်တွေ့ဖို့ မလိုအပ်တဲ့ အရေးကြီးအချက်အလက်များတင်ထားရင်တော့  Only me ဖြင့်သာ ထားသင့်ပါတယ်။

  • Your  activity ခေါင်းစဉ်အောက်မှ Who can see your Future  post ? တွင် မိမိရဲ့ post များကို Facebook ပေါ်မှ အသုံးပြုသူတိုင်းမြင်တွေ့နိုင်အောင် Public  နှင့်ထားမှာလား ။ အကောင့်ထဲမှ သူငယ်ချင်းများမြင်တွေ့နိုင်ရန် Friend နှင့် တင်မှာလား စသဖြင့်ချိန်ညှိနိုင်သည်။
  • Limit who can see past post တွင်   Limit past posts ကို နှိပ်လိုက်ပါက အရင် Public နှင့်တင်ခဲ့သမျှ post တွေရှိခဲ့ပါက အကုန်  Friend Only ဖြစ်သွားအောင်ပြုလုပ်နိုင်သည်။
  • Who can see the people , pages and  lists you follow  တွင် က်ိုယ် Follow  လုပ်ထားတဲ့  လူတွေ page တွေကို သူများတွေမမြင်တွေ့နိုင်အောင်  Only me ပြောင်းလဲသင့်သည်။
  • Who can see you stories တွင် မိမိတင်တဲ့ stories များကို ဘယ်သူတွေက်ိုမြင်တွေ့စေချင်လဲဆိုတာကို Public , friend , only me စသဖြင့် ချိန်ညှိနိုင်သည်။

 

How People find and contact you တွင်တော့ facebook ပေါ်က လူများ မိမိရဲ့  မိမိ အချက်အလက်တချို့ကို အလွယ်တကူ မမြင်တွေ့အောင် setting များချိန်ညှိနိုင်သည်၊။ Who can send you friend request တွင် မိမိနှင့် မသိ / အဆက်အစပ်မရှိတဲ့ လူတကာက မိမိကို Friend Request မပို့နိုင်အောင် Friend of Friend ပြောင်းလဲထားနိုင်သည်။ Who can see your Friend list တွင်တော့ မိမိနှင့်ဘယ်သူနှင့် Friend ဖြစ်သည်ကို လူတိုင်းမမြင်တွေ့နို်င် အောင် Only me လုပ်ထားနိုင်သည်။ Who can look up using the email address you provided တွင် တော့ Facebook နှင့်ချိ်တ်ဆက်ထား သော မိမိ၏ Email ကိုလူတကာ မမြင်တွေ့နိုင်ရန် Only Me လုပ်ထားသင့်သည်။ ထို့အတူပဲ Who can look up using the phone number you provided တွင် လဲ  only me လုပ်ထား သင့်သည်။ Do you want search engines ဆိုတဲ့ နေရာမှာတော့  မိမိ အကောင့်ကို တခြား Browser တွေရဲ့ search engine တွေက ရှာဖွေလို့မရနိုင်အောင်   NO  ကို ရွေးချယ်ထားနိုင်သည်။

Message request  setting  ( fb တွင်မရှိတော့ပါ )

ကိုယ့်သူငယ်ချင်းမဟုတ်တဲ့ လူများက ကိုယ့်ဆီစာပို့တဲ့အခါ ကိုယ့်ဆီကို Chat ကနေ တန်းရောက်စေချင်တာ ဒါမှမဟုတ် ကိုယ့်ရဲ့ Chat List မှာ လာမပေါ်စေချင်ပဲ message request ထဲမှာပဲထားတာမျိုးတွေကိုလဲ How You Get Message Request မှာ ပြင်ဆင်နိုင်ပါတယ်။

Profile Lock ပိတ်ထားခြင်း

Profile Lock ပိတ်ထားခြင်းသည် ရှက်စရာကိစ္စတစ်ခုမဟုတ်ပါ။ Profile Lock ပိတ်ထားခြင်းဖြင့် မိမိနှင့် Friend ဖြစ်သော သူများသာ မိမိ Timeline ၏  Update ကိုသိမည်ဖြစ်သည်။ မိမိအနေဖြင့် အရင်တုန်းက Public တင်ခဲ့သော Post များသည်  Friend Only ဖြစ်သွားမည်ဖြစ်သောကြောင့် အပေါင်းအသင်းရောင်းရင်းများသာ တွေ့ရတော့မည်ဖြစ်သည်။ တစ်နည်းအားဖြင့် Timeline ထဲဝင်မကြည့်နိုင်တော့သောကြောင့် သင် Facebook တွင်ထည့်ထားသော Gmail လိပ်စာနှင့် တကွ ဖုန်းနံပါတ်များကိုပါ မတွေ့ရသဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ကျိုးပေါက်မှု လျော့နည်းမည်ဖြစ်သည်။

  • Facebook ရဲ့ Setting and Privacy ထဲက
  • Setting ကိုဝင်ပါ
  • Audience and Visibility အောက်မှာ
  • Profile ပိတ်ထားခြင်းရှိပါတယ်။
  • Profile ပိတ်ထားရန်ရွေးပြီး profile ပိတ်နိုင်ပါတယ်။

lock profile

Facebook  Information များအား လုံခြုံမှုရှိစေရန် စီမံခြင်း

Facebook တွင် ထည့်သွင်းထားရသော ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်အလက်များကို လုံခြုံမှုရှိစေရန် စီမံထားသင့်ပါတယ်။

Off – Facebook Activity 

Facebook ပြင်ပ တွင် ကိုယ်တိုင် သိ၍ဖြစ်စေ  မသိလိုက်ပဲဖြစ်စေ  ချိတ်ဆက်သွားသည့် application များ ( Online Music app များ / Game Service များ )သည်  မိမိ၏ facebook မှ အချက်အလက်များကို သွယ်ဝိုက်သောနည်းဖြင့် ရယူသွားနိုင်သောနေရာမှာ Off-Facebook activity ဖြစ်သည်။ ဒါကြောင့် Off-Facebook ‌Activity ကို ပိတ်ထားဖို့ သို့ မကြာခဏ သွားရောက်ရှင်းလင်းဖို့လိုအပ်ပါသည်။

Profile and Tagging များကိုချိန်ညှိခြင်း

မိမိသဘာတူညီခြင်းမရှိပဲ မိမိကို  လာရောက် Tag တွဲ ခြင်းများအတွက်လည်း Profile and Tagging  ထဲတွင် ဝင်ရောက်ချိန်ညှိနိုင်ပါသည်။ ကိုယ်ရဲ့ Profile စာမျက်နှာပေါ်မှာ  ကို်ယ် ကိုယ်တိုင်မှ လွဲ၍ အပြင်လူတွေ Post တွေ လာတင်လို့မရနိုင်အောင်  Who can post on your profile တွင်  only me ပြောင်းထားနိုင်သည်။

Who can see what others post on your profile  တွင်လည်း  ကိုယ်ရဲ့ Profile တွင် တစ်ယောက်ယောက် က စာလာရေး Post လာတင်ထားပါက ကိုယ်မှလွဲ၍ မည်သူမှမြင်နို်င်အောင်  Only me ပြောင်းလဲထားနိုင်သည်။ Allow others to share your posts to their stories တွင် မိမိတင်ထားသော Post များကို  တခြားလူများက သူတိူ၏ My Day / Stories များတွင်  အလွယ်တကူ Share သွားတာမျိုးမလုပ်နိုင်အောင် ပိတ်ထားနို်င်သည်။

Tagging ၏ ခေါင်းစဉ်အောက်တွင် မိမိကို လာ tag  ရင် မိမိက လွဲလို့မိမိအကောင့်မှ သူငယ်ချင်းများ မိမိကို  Tag လုပ်ထားကြောင်း profile တွင် မပေါ်လာနိုင်အောင် Only me တွေ ပြောင်းလဲထားသင့်သည်။ Review တွင်တော့ မိမိကို  လာ Tag လဲ Profile တွင် တင်ခွင့်ပေးမပေးကို ခွင့်ပြုနိုင်ရန်  Review setting များအားလုံးကို တော့ On လုပ်ထားသင့်သည်။

Facebook အကောင့် ကိုယ်ရေး အချက်အလက်လုံခြုံရေး နဲ့ ပတ်သက်ပြီး မျှဝေချင်တာ ၊ ဆွေးနွေးချင်တာရှိရင် Comment မှာ ပေးခဲ့နိုင်ပါတယ် ။

Join the conversation
Skip to content