Google Platform နှင့် Google Workspace
အကောင့်လုံခြုံရေး အကြောင်းအရာတွေပြောရင် Google ဟာ လုံးဝချန်ထားခဲ့လို့မရတဲ့ platform တစ်ခုလို့ပြောရမှာပါပဲ။ Google ကို 1998 ခုနှစ်မှာ Stanford University ရဲ့ကျောင်းသားများဖြစ်ကြတဲ့ Larry Page နဲ့ Sergey Brin တို့က Google Search အနေနဲ့ စတင်ဖန်တီးရေးဆွဲခဲ့ကြပြီး အသုံးများဆုံး Web အခြေပြုရှာဖွေရေး အင်ဂျင်အနေနဲ့ ဖြစ်လာခဲ့ပါတယ်။ Google ရဲ့အစကတော့ Larry နဲ့ Bin ဟာ ၁၉၉၆ ခုနှစ်မှာ Back Rub နာမည်နဲ့ ရှာဖွေရေး algorithm (စနစ်) တစ်ခုအနေနဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။ Google ဟာ မြန်မြန်ဆန်ဆန်ပဲ ကမ္ဘာအကြီးဆုံး media company အဖြစ် တိုးတက်ကြီးထွားလာခဲ့ပြီး 2002 မှာ Google News , 2004 မှာ Gmail , 2005 မှာ Google Map , 2008 မှာ Google Chrome စသည်ဖြင့် တဖြည်းဖြည်းဖန်တီးလာခဲ့ရာမှာ ခုဆိုရင် Google ရဲ့ ထုတ်ကုန် တော်တော်များများကို လူတိုင်းနီးပါးရဲ့ နေ့စဉ် ဒစ်ဂျစ်တယ်ဘဝမှာ ယှဉ်တွဲအသုံးပြုနေကြရပြီပဲဖြစ်ပါတယ်။
နည်းပညာနဲ့ အလုပ်လုပ်ကြသူအများဆုံးဟာ Google ရဲ့ Workspace ကို မဖြစ်မနေ ထိတွေ့အသုံးပြုလာကြရပါတယ်။ Google ရဲ့ Workspace ထဲမှာ ဒစ်ဂျစ်တယ် နဲ့ အလုပ်လုပ်သူတစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် application , platform တွေတစ်စုတစ်စည်းထဲပါဝင်တာကို တွေ့နိုင်ပြီး ၊ အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ပြီး အချက်အလက်များပေးပို့နိုင်တဲ့ Gmail ၊ Data တွေကို Cloud- base သိမ်းဆည်းနိုင်တဲ့ Google Drive ၊ စာရင်းဇယားနဲ့ အရေးအသား အလုပ်လုပ်ရန်အတွက် Google Docs ၊ Sheets ၊ Slide ၊ မှတ်စု တွေ ချရေးဖို့နဲ့ မှတ်ဖို့အတွက် Google Keep ၊ အင်တာနက်မှတဆင့် ဗီဒီယိုခေါ်ဆိုမှုတွေပြုလုပ်နိုင်ဖို့ Google Meet ၊ သင်ကြားရေးအတွက် Google Classroom အစရှိသဖြင့် အသုံးဝင်တဲ့ Platform အမျိးမျိုးကို တစ်နေရာထဲမှာ အသုံးပြုနိုင်တဲ့ Digital One Stop Market အနေနဲ့ ရှိနေတာပဲဖြစ်ပါတယ်။
Google ရဲ့ workspace ထဲမှာပါဝင်တဲ့ Product တွေကို အသုံးပြုနိုင်ဖို့ဆိုရင် Gmail အကောင့်တစ်ခုပဲလိုအပ်ပါတယ်။ ဒါကြောင့် ဒီ Gmail အကောင့်ရဲ့ လုံခြုံရေးဟာ ကျန်တဲ့ Workspace ထဲက ကိုယ်အသုံးပြုတဲ့ Product တွေလုံခြုံရေး နဲ့ချိတ်ဆက်နေတာကို သတိပြုဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ Data အချက်အလက်တွေကို အလုံးစုံ သိမ်းဆည်းထားတဲ့ Google Drive လုံခြုံဖို့ဆိုရင် ကိုယ့်ရဲ့ Gmail အကောင့်ကို လိုအပ်တဲ့ လုံခြုံရေးဆက်တင်တွေ ပြင်ဆင်ချိန်ညှိပြီး အသုံးပြုသင့်ပါတယ်။
ဒီသင်ခန်းစာမှာတော့ Gmail အကောင့်ဖွင့်နည်းနဲ့ အီးမေးလ်ပေးပို့နည်းတို့ကို ပူးတွဲပါ ဗီဒီယိုထဲတွင် လေ့လာနိုင်ပါတယ်။
Google Platform နဲ့ Google Workspace တို့ အသုံးပြုပုံနဲ့ ပတ်သတ်ပြီး မျှဝေချင်တာ၊ တွေးမိတာ၊ ဆွေးနွေးလိုတာ ရှိတယ်ဆိုလည်း Comment Section မှာ စာချန်ခဲ့နိုင်ပါတယ် ။