အင်တာနက်ဘယ်လိုအလုပ်လုပ်လဲ
ကမ္ဘာကြီးနဲ့အဆက်အသွယ်မပျက်အောင် နေ့စဉ်နဲ့အမျှ တစ်ကမ္ဘာလုံးက သတင်းတွေကို အမြဲမပျက် သိရှိနေနိုင်အောင် ဘယ်လောက်ဝေးဝေး အဆက်အသွယ်မပျက် ချိတ်ဆက်ပြောဆိုနိင်အောင် အင်တာနက် က လုပ်ဆောင်ပေးပါတယ်။ အင်တာနက် ကိုအသုံးပြုပြီး
- အသိပညာများကိုရှာဖွေလေ့လာခြင်း၊ ကျောင်းတတ်ခြင်း
- ဈေးရောင်းဈေးဝယ် ပြုလုပ်ခြင်း
- အချင်းချင်း ဆက်သွယ်ပြောဆို၍ အချက်အလက်များပေးပို့ခြင်း
- လုပ်ငန်းခွင်အသုံးချ ကွန်ရက်များ ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကိုအသုံးပြုခြင်း စတာတွေအပြင် အခြားသောလုပ်ငန်းဆောင်တာများကို အင်တာနက်ပေါ်မှာ ဝန်ဆောင်မှု အမျိုးမျိုးနဲ့ ရယူနိုင်ပါတယ်။
အင်တာနက် ဘယ်လိုအလုပ်လုပ်လဲ ?
နည်းပညာတိုးတတ်ပြောင်းလဲလာတာနဲ့အမျှ လူတွေအချင်းချင်း ဘယ်လောက်ဝေးဝေး အင်တာနက်ပေါ်ကနေ ဆက်သွယ်ရေး ပလက်ဖောင်းတွေ ကိုသုံးစွဲပြီး အလွယ်တကူ ချိတ်ဆက်ပြောဆို ဆက်သွယ်နိုင်ပါတယ်။ အင်တာနက်သည် ကွန်ပျူတာများစွာကို ချိတ်ဆက်ထားတဲ့ ကွန်ရက်တစ်ခုလို့ အလွယ်ပြောနိုင်ပါတယ်။ ကွန်ပျူတာများမှာ IP Address လို့ခေါ်တဲ့ စက်ပစ္စည်းတစ်ခုချင်းစီတိုင်း၏ အမှတ်အသားများကို လမ်းကြောင်းများစွာဖြင့် ချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက်ကို အဓိက ပုံစံနှစ်မျိူးနဲ့ ရရှိနိုင်ပါတယ်။
တစ်မျိုးကတော့ Mobile Internet လို့ခေါ်တဲ့ န်ိုင်ငံတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတွေရဲ့ Sim card တွေကနေ တစ်ဆင့် အင်တာနက်အသုံးပြုနိုင်သလို Wifi ဝန်ဆောင်မှု ကုမ္ပဏီတွေကနေ အခကြေးပေးဝယ်အသုံးပြုရသော အင်တာနက်နှင့်လဲ အသုံးပြုန်ိုင်ပါတယ်။
Platform တစ်ခုခု ပေါ်ကနေ Message တစ်စောင်ပို့လိုက်တဲ့အခါ ……
အင်တာနက်ကိုအသုံးပြုပြီး ကိုယ်ချိတ်ဆက်ဆက်သွယ်ချင်တဲ့သူတွေဆီ Message ရောက်သွားတာ ကိုယ်ရှာဖွေလိုတာတွေကို အင်တာနက်ပေါ်ကနေ ချက်ချင်းရှာဖွေနိုင်တာ စတာတွေက စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်ပျက်နေတာလို့ထင် ရပေမယ့် အဲ့ဒီအချိန်တိုလေးအတွင်း အင်တာနက်ဖြတ်သန်းသွားလာတဲ့ နေရာတွေရှိနေပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ကိုယ် ရှာဖွေ ပြောဆိုနေတာတွေကို ကိုယ်တစ်ယောက်ထဲ ဒါမှမဟုတ် ကိုယ်နဲ့ဆက်သွယ်ပြောဆိုနေတဲ့ သူကသာ သိနေတယ်ထင်ပေမယ့် တကယ်တော့ ဖြတ်သန်းသွားလာတဲ့လမ်းတစ်လျှောက်ကနေရာတွေက အတိုင်းအတာတစ်ခုထိသိရှိနေ/ နိုင်ပါတယ်။
ဒါကြောင့် အင်တာနက် အလုပ်လုပ်ပုံကိုလေ့လာကြည့်မယ်ဆိုရင် ဥပမာ Message တစ်စောင်ပို့မယ်ဆိုကြပါစို့။ အင်တာနက်ချိတ်ဆက်ထားတဲ့ ကိုယ်အသုံးပြုမယ့် စက်ပစ္စည်း ( Device ) တစ်ခုခုထဲမှာ ရှိတဲ့ Message ပို့မယ့် Platform ကနေ Hi ဆိုပြီး ပို့လိုက်မယ်။ ဒါဆိုရင် ဒီ hi ဆိုတဲ့ message လေး က ပလက်ဖောင်းကနေတဆင့် တစ်ဘက်လူဆီကိုချက်ချင်းရောက်သွားတယ်ထင်ရပေမယ့် တကယ်တော့ သူ ဖြတ်သန်းသွားလာတဲ့လမ်းကြောင်း တွေ ရှိပါတယ်။
ဒါကြောင့် အင်တာနက် အလုပ်လုပ်ပုံကို လေ့လာ ကြည့်မယ်ဆိုရင် ဥပမာ Message တစ်စောင် ပို့မယ်ဆိုကြပါစို့။
အင်တာနက်ချိတ်ဆက်ထားတဲ့ ကိုယ်အသုံးပြုမယ့် စက်ပစ္စည်း ( Device ) တစ်ခုခုထဲမှာ ရှိတဲ့ Message ပို့မယ့် Platform ကနေ Hi ဆိုပြီး ပို့လိုက်မယ်။ ဒါဆိုရင် ဒီ hi ဆိုတဲ့ message လေး က ပလက်ဖောင်းကနေတဆင့် တစ်ဘက်လူဆီကို ချက်ချင်းရောက်သွားတယ်ထင်ရပေမယ့် တကယ်တော့ သူ ဖြတ်သန်း သွားလာရတဲ့ လမ်းကြောင်းတွေရှိပါတယ်။
အင်တာနက်က်ိုချိတ်ဆက်ထားသည်မှာ Mobile data နဲ့ဆိုရင်တော့ ကိုယ် Sim card မှ အင်တာနက်ရရှိ နိုင်ရန် နီးစပ်ရာမှာရှိတဲ့ Mobile ကုမ္ပဏီတွေက ထောင်ထားတဲ့ Tower တိုင်တွေကို လှမ်းချိတ်ဆက်လိုက်ပါတယ်။ Wifi ကို အသုံးပြုမယ်ဆိုရင်တော့ Wifi Router ကို ချိတ်ဆက်လိုက်ပြီး အင်တာနက်ကို ရယူအသုံးပြုပါတယ်။ အဲ့ဒီစက်ပစ္စည်းမှာ အင်တာနက်အသုံးပြုလို့ရတာနဲ့ ကိုယ် ဆက်သွယ်လိုသော ရှာဖွေလိုသော အသုံးပြုလိုသော အရာတွေကို စတင် လုပ်ဆောင်ကြပါတယ်။
ဒါကြောင့် Hi ဆိုတဲ့ message လေးဟာ ဒီနေရာတွေကို ပထမဆုံးဖြတ်သန်းသွားပါတယ်။ Tower တိုင်တွေ Wifi Router တွေကိုချိတ်ဆက်ရတဲ့အတွက် နောက်ကွယ်မှာရှိနေတဲ့သက်ဆိုင်ရာ အင်တာနက်ဝန်ဆောင်မှုနေရာတွေကို ထပ်မံဖြတ်သန်းသွားရပြန်ပါတယ်။ Mobile Internet ကိုအသုံးပြုတယ်ဆိုရင် Mobile Operator တွေ Wifi အင်တာနက်ကိုအသုံးပြုတယ်ဆိုရင်တော့ Wifi ဝန်ဆောင်မှု ကုမ္ပဏီတွေစသဖြင့် ဖြတ်သန်းရတဲ့ အတွက် အသုံးပြသူတွေရဲ့ အချက်အလက် Data တွေဟာ မှတ်တမ်းအနေနဲ့ကျန်ခဲ့နိုင်ပါတယ်။ ဒီနေရာမှာ အင်တာနက်ကိုအသုံးပြုပြီး သွားလာသမျှ အကုန်လုံးကိုတော့ လုံးဝမြင်ရတာမဟုတ်ပါဘူး ( ဒီအကြောင်းအရာ ကို နောက်သင်ခန်းစာများတွင် ဆက်လက်ရှင်းပြသွားပါမည် )
Mobile Operator တွေ Wifi company တွေကိုဖြတ်သန်းပြီးတဲ့နောက်မှာတော့ နိုင်ငံတိုင်း မှာ ရှိတဲ့ အစိုးရတစ်ရပ်က ထိန်းချုပ်နိုင်တဲ့ အင်တာနက် ဂိတ် ( National Internet Gateway ) ကို ဖြတ်ရပြန်ပါတယ်။ ဒီအင်တာနက် ဂိတ်ဝေးက နိုင်ငံတွင်းအင်တာနက်အသုံးပြုမှုတိုင်းကို အတိုင်းအတာတစ်ခုထိ စောင့်ကြည့်ထိန်းချုပ်ကိုင်တွယ်နိုင်ပါတယ်။ တရုတ်နို်င်ငံမှာ Facebook အသုံးပြုခွင့်ပိတ်ထားသလိုပါပဲ နိုင်ငံတွင်း အင်တာနက် အသုံးပြုတွေကို မသုံးစေချင် မသွားစေချင်တဲ့ အသုံးပြုမှုတွေကို ပိတ်ထားနိုင်ပါတယ်။ ထို့အတူပဲနိုင်ငံတွင်း အင်တာနက် အသုံးပြုတွေက ဒီ Internet Gateway ကိုဖြတ်ပြီး ဘယ်ကိုသွားတယ် ဘာလုပ်တယ် ဘယ် Website ကိုသွားကြည့်တယ်ဆိုတာကို အတိုင်းအတာတစ်ခုထိ သိနိုင်ပါတယ်။
ဒီ Gateway ကိုဖြတ်သန်းပြီးမှသာ ကိုယ်သွားလိုတဲ့ website သို့မဟုတ် ကိုယ်အသုံးပြုတဲ့ Platform ရဲ့ Main Server ကို ရောက်ပါတယ်။ Internet Gateway ကိုဖြတ်သန်းခြင်းက အင်တာနက် အသုံးပြုမှုတွေကို အတိုင်းအတာတစ်ခုထိသိရှိနေနိုင်တာ ဖြစ်တဲ့ အတွက် Internet Gateway က ဖြတ်သန်းမသွားစေချင်တာ သို့မဟုတ် ပိတ်ခံထားရတဲ့ Service တွေကို အသုံးပြုချင်တာဆိုရင်တော့ VPN ကိုအသုံးပြုနိုင်ပါတယ်။ သို့သော်လည်း Mobile Operator / Wifi စတွေကနေ မှ VPN ကိုသွားတာဖြစ်တဲ့အတွက် ဒီလို ISP တွေကတော့ ကိုယ် VPN အသုံးပြုနေတာကိုသိနိုင်တဲ့အတွက် လုံခြုံစိတ်ချရတဲ့ VPN တွေကို အသုံးပြုသင့်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်စေ Main Server ဆီကိုရောက်သွားတာနဲ့ ကိုယ်ဆက်သွယ်ချင်တဲ့သူဆီကို server ကနေ တစ်ဆင့် သူအသုံးပြုတဲ့ နိုင်ငံ ISP တွေပေါ်မူတည်ပြီး အဆင့်ဆင့်ဖြတ်သန်းကာ ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ဘယ်နေရာတွေမှာ အချက်အလက်ကျိုးပေါက်မှု တွေဖြစ်ပေါ်နေနိုင်လဲ ဆိုတာကိုဆက်လက်လေ့လာကြည့်ရအောင်
ဖြတ်သန်းသွားတဲ့လမ်းတစ်လျှောက်မှာ ကိုယ်အသုံးပြုတဲ့ Platform , ISP စတာတွေပေါ်မူတည်ပြီး အချက်အလက် ပေးရမှု / အချက်အလက် ကျိုးပေါက်မှု တွေ ရှိနိုင်ပါတယ်။
ပထမဆုံးကတော့ ပို့တဲ့သူနဲ့ လက်ခံသူတွေရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးအတွက် ဂရုတစိုက်သုံးစွဲမှု လိုအပ်ပြီး လုံခြုံတဲ့ Platform တွေ Service တွေသုံးတာ ကိုယ်ဖုန်းကို password ထားတာကအစအရေးကြီးပါတယ်။ ISP တွေကိုဖြတ်သန်းသွားလာရတဲ့အတွက် ကိုယ်က Encryption မပါဝင်တဲ့ Platform တွေ Serrvice တွေ အသုံးပြုပါက အချက်အလက်တွေကျန်ခဲ့နိုင်မည်ဖြစ်ပြီး စောင့်ကြည့်လို့ရနေမှာဖြစ်ပါတယ်။
ကိုယ်ရဲ့ Sim card အချက်အလက်တွေ IP address တွေနဲ့တိုက်စစ်ပြီး ကိုယ်ဘယ်သူဆိုတာကိုသိရှိနိုင်တဲ့ထိဖြစ်နိုင်ပါတယ်။ ဆက်သွယ်ရေး Server တွေရဲ့ Encryption ကို ပုံစံနှစ်မျိုးတွေ့ရတတ်ပါတယ်။ Server က အသုံးပြုသူရဲ့ အချက်အလက်တွေကို သိရှိ သိမ်းဆည်း ပြီး တစ်ခါတစ်ရံ ပြန်လည်အသုံးချတတ်တဲ့ Client to server encryption နဲ့ အသုံးပြုသူရဲ့အချက်အလက်တွေကို လုံးဝ သိမ်းဆည်းထားခြင်းမရှိတဲ့ End to End encryption တို့ဖြစ်ပါတယ်။ လုံခြုံစိတ်ချရသော ဆက်သွယ်ရေးဆာဗာများတွင်လည်း end-to-end Encryption ကိုအသုံးပြုထားကြောင်း တွေ့ရှိနိုင်ပါသည် ။
End-to-end Encryption ဆိုတာကတော့ ပေးပို့လိုက်သည့် အချက်အလက်များကိုဝှက်စာ အဖြစ်ပြောင်းလဲကာ လက်ခံသူမှသူ၏စက်ပစ္စည်း (သို့မဟုတ်)ဝှက်စာ ဖော်ထုတ်နိုင်သော Key ဖြင့်သာဖတ်နိုင် သော ဆက်သွယ်ရေးကိုဆိုလိုခြင်းဖြစ်ပါသည်။ပေးပို့သူ၊ လက်ခံသူ(သို့မဟုတ်) ဝှက်စာဖော်ထုတ်နိုင်သော Key ရှိသူမှ လွဲ၍ ပေးပို့ထားသော စာများ၊ဖိုင်များ၊ဒေတာ များကို အခြားမည်သူမှ ကြားဖြတ်ရယူခြင်း၊ ဖတ်ရှုခြင်းတို့ ပြုလုပ်နိုင်မှာမဟုတ်နိုင်ပါဘူး။
ဆိုလိုသည်မှာ ကိုယ်တို့သုံးစွဲသော Internet Provider များ Services Provider တို့အထိ ကြားဖြတ်မသိရှိနိုင်သော ဆက်သွယ်ရေး နည်လမ်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် Online မှဆက်သွယ်မှုပြုလုပ်ကြသည့်အခါတွင်လည်း ရိုးရိုးဆက်သွယ် ခြင်းထက် end-to-end Encryption ပါရှိသော ဆာဗာများ၏ ၀န်ဆောင်မှုများကို အသုံးပြုရန် လိုအပ်ပါတယ်။ National Gateway / Internet Gateway ကတော့ နိုင်ငံတွင်း အင်တာနက်အသုံးပြုသူတွေကို အဓိက ထိန်းချုပ် စောင့်ကြည့်နိုင်တဲ့နေရာဖြစ်တဲ့အပြင် ကိုယ် အသုံးပြုတဲ့ Website , Platform Service တွေကို သိနိုင်နေတဲ့အတွက်ကြောင့် ISP တွေဆီက အချက်အလက်တောင်းခံကာ စစ်ဆေး စောင့်ကြည့်တာမျိူးတွေကိုလုပ်နိုင်ပါတယ်။ Main Server ကတော့ ပုံစံအမျိုးမျိုးနဲ့ အချက်အလက်ကျိုးပေါက်နိုင်ပါတယ်။
အင်တာနက် အသုံးပြုသူတွေကို တိုက်ရိုက်တိုက်ခိုက်နို်င်တဲ့ Phishing တွေ Social Engineering တွေကို Hacker တွေကို ပြုလုပ်ပြီး Server ကို ရောက်ရှိတဲ့အချက်အလက်ကို တစ်ဖက်လှည့်နဲ့ရယူတာ ၊ Server ကိုယ်တိုင်ကိုက လုံခြုံစိတ်ချလို့မရနိင်ပဲ အလွယ်တကူ ကျိူးပေါက်နိုင်လောက်ထိ အားနည်းတာ ၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကြောင့် Server ကျိုးပေါက်သွားတာ၊ ကိုယ်အသုံးပြုတဲ့ Platform က သုံးပြုသူတွေရဲ့ အချက်အလက်တွေကို တခြားနေရာတွေမှာ အကျိုးအမြတ်အဖြစ်ပြန်လည်အသုံးချတာ အစရှိသဖြင့် ကျိုးပေါက်နိုင်တဲ့အတွက်ကြောင့် ကိုယ်သက်ဆိုင်ရာ Platform , Service သည်
- https ဖြစ်တဲ့ Website လား ?
- Client to Server Encryption လား End to End Encryption ပါဝင်တဲ့ Platform လား ?
- Platform ရဲ့ policy အရ အသုံးပြုသူတွေရဲ့ အချက်အလက်ကို ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲ ?
- လုံခြုံရေး နဲ့ တည်ဆောက်ပုံ အားကောင်းတဲ့ Platform လား အစရှိသဖြင့် မေးခွန်းထုတ်ဆန်းစစ်ဖို့လိုအပ်ပါတယ်။
Http VS Https
Social Media Platform တွေ Website တွေကို အသုံးပြုတဲ့အခါ Online ပေါ်က link တွေကို နှိပ်မယ့်အခါ အဓိက စစ်ဆေးဖို့ လိုအပ်တာကတော့ ကိုယ်အသုံးပြုတဲ့ Social Media Platform / Website တွေ နဲ့ Link တွေဟာ Https လား http လားသေချာစစ်ဆေးဖို့လိုအပ်ပါတယ် ။
တော်တော်များများ လုံခြုံမှုမရှိတဲ့ Website တွေဟာ http တွေဖြစ်နေတတ်ပါတယ်။ Http ဆိုတာကတော့ Hypertext Transfer Protocol လို့အဓိပ္ပာယ်ရပြီး https ကတော့ hypertext transfer protocol Secure လို့ အဓိပ္ပာယ်ရပါတယ်။ S သည် secure ဖြစ်တဲ့အတွက် Https နဲ့စတဲ့ link တွေ platform တွေဟာလုံခြုံတယ်လို့ ပြောလို့ ရပါတယ်။ Https နဲ့ စတဲ့ website , platform , service တွေကို အသုံးပြုမည်ဆိုပါက အင်တာနက် ဖြတ်သန်းရာ လမ်းတလျှောက်ရှိ ISP တွေနဲ့ Gateway တွေက ကိုယ်အသုံးပြုနေသည်ဆိုတာကိုပဲ သိရမှာဖြစ်ပြီး တခြားအချက်အလက်တွေကို သိရှိနိုင်မှာမဟုတ်ပါဘူး ။
ဥပမာ သင်က Facebook အသုံးပြုတယ်ဆိုပါစို့ ဒါဆ်ိုရင် သင်အသုံးပြုတဲ့ ISP က ဒီ IP address နဲ့ အသုံးပြုနေတဲ့ ဒီလူက Facebook ကို ဘယ်ချိန်မှာ သုံးနေတယ်ဆိုတယ်ကို သိရပြီး သင်ရဲ့ fb အကောင့်အချက်အလက်တွေနဲ့ အကောင့် ကိုအသုံးပြုပြီး တင်တဲ့ post တွေ share တွေကိုတော့ လုံးဝ သိရမှာ မဟုတ်ပါဘူး ဒါဟာ Encryption ပါဝင်တဲ့ https service တစ်ခုဖြစ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ISP ကနေ VPN မသုံးဘူးဆိုရင်တော့ national gateway ကိုဆက်လက်ဖြတ်သန်းမှာဖြစ်ပြီး national gateway ကလဲ ISP သိသလောက်ပဲ သိရမှာဖြစ်ပါတယ်။ ဒါကြောင့် link တွေမနှိပ်ခင်မှာ ကိုယ့် နှိပ်မယ့် link သည် http လား https လားဆိုတာက်ိုစစ်ဆေးပြီးမှ နှိပ်သင့်ပါတယ်။
အင်တာနက်ပေါ်မှာ လုံခြုံအောင် ဘယ်လို အသုံးပြုနို်င်လဲ ?