Whatsapp ကတော့ အားလုံးနဲ့ သိပ်မစိမ်းတဲ့ ဆက်သွယ်ရေး အပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ ၂၀၂၁ ရဲ့စစ်တမ်းတွေအရဆ်ိုရင်တော့ ကမ္ဘာနဲ့ တဝှမ်းမှာ သုံးစွဲသူပေါင်း ၂ ဘီလီယမ် လောက်ရှိတာပါ။ Messenger ကတော့ ၁.၃ ဘီလီယမ်နဲ့ WeChat ကတော့ ၁.၂ ဘီလီယမ် လောက်ရှိတယ်လို့ဆိုပါတယ်။ အရင်တုန်းကတည်းက Whatsapp Application က စိတ်ချရတဲ့ End-to-end Encryption (ဝှက်စာစနစ်) ပါရှိတဲ့ အတွက်ကြောင့် Whatsapp ထဲမှာ ပြောသမျှ စကားတွေ ..အသံဖိုင်တွေ…ဗီဒီယိုဖိုင်တွေက ဝှက်စာစနစ်ပါတာကြောင့် သုံစွဲသူ နှစ်ယောက်ကြားမှာပဲ သိနိုင်ပြီး Whatsapp ရဲ့ Server ထဲမှမသိမ်းဘူးလို့ ဆိုတာပြီး အသုံးပြုသူတွေရဲ့ ယုံကြည်မှုရခဲ့ပေမယ့် ၂၀၂၁ မှာ အသစ်ထွက်ပေါ်လာတဲ့ Term and Condition မှာ ဘာပါဝင်ခဲ့လဲဆိုရင် Whatsapp အနေနဲ့ Facebook နဲ့ ပူပေါင်းမှုတွေ ပြုလုပ်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။
Whatsapp ရဲ့ Beta Version
ဒါ့အပြင် နောက်ပိုင်းမှာ Business တွေနဲ့ပူပေါင်းပြီး ကုန်စည်ရောင်းသူတွေဖြစ်ပါက Facebook Business Suite ကနေ စာပြန်ရသလိုပဲ Whatsapp Beta နဲ့ပဲ ချိတ်ဆက်ပြီး သူတို့ရဲ့ ဝယ်ယူသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မှာပါဖြစ်ပါတယ်။ ၂၀၂၁ ဇန်နဝါရီလ (၁၅) မတိုင်မီ အသုံးပြုသူတွေကို အသစ်ထွက်ပေါ်လာတဲ့ သူတို့ရဲ့ Term နဲ့ Policy တွေကို မဖြစ်မနေ သဘောတူခိုင်း ပြုလုပ်ခိုင်းတယ်လို့ဆိုပါတယ်။
Whatsapp က End-To-End Encryption ကို ထောက်ပံ့ပေးလား?
Whatsapp အနေနဲ့ကတော့ တစ်ယောက်ချင်းစီ ပြောဆိုဆက်သွယ်မှုတွေမှာတော့ အရင်အတိုင်း End-to-end Encryption ပါမှာဖြစ်ပြီး အဲ့ဒီပြောဆိုဆက်သွယ်မှုတွေမှာ Whatsapp ကရော..Meta ကရော User Data တွေမယူကြောင်းပြောထားပါတယ်…သို့ပေမယ့် မိမိအကောင့် Business account အနေနဲ့ ချိတ်ဆက်မှုတွေပြုလုပ်ရင်တော့ Facbook Policy ကိုလက်ခံရမှာဖြစ်ပြီး..ဒါကလည်း User တွေရဲ့ လိုအပ်ချက်နဲ့ ရွှေးချယ်လို့ရတဲ့ အရာတွေဖြစ်ကြောင်းအသိပေးထားပါတယ်။ မည်သို့ပင်ဆိုစေကာမှု..App တစ်ခုသုံးတိုင်းသုံးတိုင်းမှာတော့ မဖြစ်မနေပေးရမယ့် အချက်အလက်တွေကလွှဲပြီး အခြား အချက်အလက်တွေ မပေးမိစေဖို့ Setting and Privacy တွေဝင်ရောက် လေ့လာ ချိန်ညှိမှုတွေ ပြုလုပ်သင့်ပါတယ်…
Link Device – အကောင့်တစ်ခုအား Device (၂) ခု ချိတ်ဆက်ခြင်း
မိမိအကောင့်ကို ဖုန်း သို့မဟုတ် ကွန်ပျူတာ Device တစ်လုံးထပ်ပိုပြီးသုံးပါက Link Device ပြုလုပ်ရန်လိုအပ်ပါတယ်။
Privacy Setting အားချိန်ညှိခြင်း
Application များသုံးစွဲရာတွင် Privacy Setting များအားလည်း ချိန်ညှိထားရန် အင်မတန်မှ အရေးကြီးပါတယ်။ Whatsapp Privacy Setting မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်တွေကို ဖျောက်ထားနိုင်ခြင်း၊ အွန်လိုင်းမှာ နောက်ဆုံးရှိခဲ့တဲ့ အချိန်တွေကို ဖျောက်ထားနိုင်ခြင်း၊ ကိုယ်ရေးထားတဲ့ အကြောင်းများအား မြင်နိုင်တဲ့ လူများကို သတ်မှတ်နိုင်ခြင်း၊ Group ထဲသို့ ကိုယ့်ရဲ့အကောင့်များ ထည့်သွင်းခြင်းကို ပိတ်ထားခြင်းများအား ပိတ်ထားနိုင်ပါတယ်။
Disappearing Message အား Default ထားခြင်း
Privacy Setting ထဲတွင် အသစ်ပြောမယ့် Chat ေတွအား အလိုအလျောက် Message ပျက်သည့် စနစ်များ ထည့်သွင်းခြင်းကိုလည်း ပြုလုပ်နိုင်သလို Application Lock ချထားခြင်များကိုလည်း ပြုလုပ်နိုင်ပါတယ်။Default Disappearing Message ထားခြင်းဆိုတာ ကို်ယ်နဲ့ အသစ် ဆက်သွယ်ပြောဆိုမှု ပြုလုပ်လာမည့်သူများကို Auto အချိန်သတ်မှတ်ပြီး Message ပျက်သွားအောင် လုပ်ထားခြင်းမျိုးဖြစ်ပါတယ်။ ၂၄ နာရီကစပြီး နာရီ ၉၀ အထိ စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။ Screen Lock တွင် Require Touch ID ကို “ON” လိုက်ပါက Application ကိုဝင်ရာတွင် ကိုယ်ရဲ့ လက်ဗွေရာနဲ့ဖွင့်ရမှာဖြစ်ပါတယ်။
Security Setting အားချိန်ညှိခြင်း
Setting ထဲက Account မှ Security ကိုဝင်လိုက်ပြီး Setting အား ချိန်ညှိနိုင်ပါတယ်။
Show Security Notification “ON” ထားပါက ကိုယ်နဲ့ end-to-end encryption Setting ချိန်ညှိ၍ ပြောဆိုနေသူတစ်ယောက် ဖုန်းနံပါတ် ပြောင်းသွား၍ သော်လည်းကောင်း၊ လုံခြုံရေးနံပါတ် ပြောင်းသွား၍သော်လည်းကောင်း Notification တက်လာမှာပဲဖြစ်ပါတယ်။
Two-Step Verification (နှစ်ဆင့်ခံလုံခြုံရေးတိုးမြှင့်ခြင်း)
နှစ်ဆင့်ခံ လုံခြုံရေး တိုးမြှင့်ခြင်းက တစ်နည်းအားဖြင့်ပြောရရင် အခုအခြေအနေ မျိုးမှာ SIM Card ပွားခံရတဲ့ ကိစ္စနဲ့ပက်သက်ပြီး ကာကွယ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ပွားထားပြီး Whatsapp အကောင့်ကိုဖွင့်ရင်တောင် Two-step ခံထားတဲ့ Password မသိရင်ဖွင့်လို့မရနိုင်ပါဘူး။ Gmail အကောင့်လေးထည့်ပြီး လူတိုင်း နှစ်ဆင့်ခံ လုံခြုံရေး တိုးမြှင့်ထားသင့်ပါတယ်။
Two-Step Verification မှာပေးထာခဲ့တဲ့ နံပါတ် (၆) လုံးကိုမေ့လို့မရပါ။ မေ့သွားပါက အကောင့်ကို ပြန်ဖွင့်နိုင်မှာမဟုတ်ပါဘူး။ ပြန်ပြီး ပယ်ဖျက်လိုပါက Disable လုပ်ပြီးပယ်ဖျက်နိုင်သလို Pin နံပါတ်ပြောင်းချင်ပါကလည်း Change PIN လုပ်၍ ပြောင်းနိုင်ပါတယ်။
ဖုန်းနံပါတ်ပြောင်းလဲပြင်ဆင်ခြင်း
ကိုယ့်ရဲ့ ဖုန်းနံပါတ် ပြောင်းလဲခြင်းများကိုလည်း Whatsapp တွင်ပြုလုပ်နိုင်ပါတယ်။
- Setting ထဲက Account ကိုဝင်ပါ။
- Change Number ကိုနှိပ်ပါ။
- မိမိ ဖုန်းနံပါတ် အဟောင်းနှင့် အသစ်ပြောင်းလိုသော Phone Number ထည့်ပေးရန်လိုပါတယ်။
Delete Account (အကောင့်အား ဖျက်ခြင်း)
ကိုယ် မသုံးတော့သည့်အခါ အကောင့်အား ဖျက်ပစ်နိုင်ပါတယ်။
- Setting ထဲက Account ကိုဝင်ပါ။
- Delete My Account ထဲက Delete My Account ကိုနှိပ်ပေးပါ။
Chat Setting အားချိန်ညှိခြင်း
Whatsapp မှာ တစ်ယောက်ချင်းစီနဲ့ ပြောထားတဲ့ Chat တွေကို Backup လုပ်နိုင်သလို Export လည်း လုပ်လို့ရနိုင်ပါတယ်။ Clear All Chat ပြုလုပ်ခြင်းဖြင့်လည်း ဖုန်းနံပါတ်အား ပြန်ရိုက်ထည့်ပေးရန် လိုအပ်ပြီး Chat History အကုန်လုံးကို ဖျက်ပစ်နိုင်ပါတယ်။
Clear All Chat ပြုလုပ်ခြင်းဖြင့်လည်း မိမိဖုန်းနံပါတ်အား ပြန်ရိုက်ထည့်ပေးရန် လိုအပ်ပြီး Chat History အကုန်လုံးကို ဖျက်ပစ်နိုင်ပါသည်။
တစ်ယောက်ချင်းစီ ပြောဆိုဆက်သွယ်မှုများအား ချိန်ညှိခြင်း
ဒီ Setting ကတော့ တစ်ယောက်ချင်းစီ ပြောဆိုဆက်သွယ်မှုတွေမှာ ချိန်ညှိနိုင်တဲ့ Setting တွေပဲဖြစ်ပါတယ်။ Whatsapp မှာ ပြောလက်စရှိတဲ့သူတစ်ယောက် ရဲ့ Chat ထဲဝင်လိုက်ပါ။ သူ့နာမည်နေရာ လေးကိုနှိပ်လိုက်ရင် တစ်ယောက်ချင်းစီချိန်ညှိလို့ရမယ့် Setting ကိုတွေ့ရမှာပဲဖြစ်ပါတယ်။
WhatsApp Business ကိုအသုံးပြုခြင်း
Facebook မှာလည်း Business အတွက် Facebook Page ကိုသုံးကြသလို Whatsapp မှာလည်း စီးပွားရေးအတွက် မိမိအကောင့်ကို Business အကောင့်အနေနဲ့သုံးလို့ရပါတယ်။
Business အတွက်သုံးမယ်ဆိုရင်တော့ Business Category တွေနဲ့ Email ..Contact တွေအသေးစိတ်ထည့်ပေးရပါမယ်။
Business အတွက်သုံးရင် Facebook ရဲ့ Business Suite လိုမျိုးအလုပ်လုပ်ပါတယ်။ Auto Reply တွေလုပ်လို့ရသလို…Greeting Message တွေလည်းပေးပို့နိုင်ပါတယ်။
ထပ်ပြီးလုပ်လို့ရတာက WhatsApp Business ကနေပြီးတော့ Facebook ၊ Instagram တို့နဲ့ ချိတ်ဆက်ပြီး Ads ကို လုပ်လို့ရပါတယ်။ အဲ့လိုလုပ်ချင်ရင်တော့ မိမိ Whatsapp အကောင့်ကို Facebook ကိုချိတ်ဆက်ဖို့လိုပါတယ်။ Platform နှစ်ခုကိုသုံပြီး ကြေငြာတွေလုပ်မှာဖြစ်တဲ့အတွက် Facebook ရဲ့ Privacy Policy ကိုလက်ခံမှ အသုံးပြုနိင်ပါတယ်။
တစ်ဖက်မှာ Platform တွေကို အများကြီး သုံးပြီး ကြေငြာတွေလုပ်နိုင်ပေမယ့်..Facebook နဲ့ချိတ်ဆက်မှုကြောင့် လုံခြုံရေးရှုထောင့်အရတော့ သိပ်ပြီး လုံခြုံမှုမရှိနိုင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်ပါတယ်။
တစ်ဖက်မှာ Platform တွေကို အများကြီး သုံးပြီး ကြေငြာတွေလုပ်နိုင်ပေမယ့်..Facebook နဲ့ချိတ်ဆက်မှုကြောင့် လုံခြုံရေးရှုထောင့်အရတော့ သိပ်ပြီး လုံခြုံမှုမရှိနိုင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်ပါတယ်။