ကိုယ်ရေးအချက်အလက် အသုံးပြုမှုဆိုင်ရာ မူဝါဒ
နောက်ဆုံးပြင်ဆင်သည့် နေ့စွဲ – ၂၀၂၃ ဇန်နဝါရီလ (၆) ရက်နေ့
“ကျွန်ုပ်တို့” သည် Digital Spring MM ကို ရည်ညွှန်းပါသည်။ ကျွန်ုပ်တို့သည် digitalspringmm.info မှတစ်ဆင့် ဝန်ဆောင်မှုထောက်ပံ့ပါသည်။ ဝန်ဆောင်မှုများသည် ဝက်ဘ်ဆိုက်အတွင်း အသုံးပြုနိုင်သော လုပ်ဆောင်မှုများ ဖြစ်သည်။
ကျွန်ုပ်တို့သည် Digitalspringmm.info အွန်လိုင်း ပလက်ဖောင်းမှတဆင့် အွန်လိုင်း ဒီဂျစ်တယ်လုံခြုံရေးသင်တန်းများကို စီမံဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုနေစဉ်အတွင်း သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သုံးစွဲမှုနှင့် ရယူမှုများနှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ မူဝါဒဆိုင်ရာများကို ယခုစာမျက်နှာမှတဆင့် ထုတ်ဖော်အသိပေးပါသည်။
ကိုယ်ရေးအချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒ တွင်ဖော်ပြထားသည့် ကိစ္စများမှလွဲ၍ သုံးစွဲသူ၏ အချက်အလက်များကို သုံးစွဲခြင်း (သို့မဟုတ်) အခြားသူများအားမျှဝေခြင်းများ ပြုလုပ်မည်မဟုတ်ပါ။ သုံးစွဲသူ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ရေးအတွက်သာ အသုံးပြုပါမည်။ ကျွန်ုပ်တို့၏ ဝက်ဆိုဒ် အား ဝင်ရောက် အသုံးပြုခြင်းဖြင့် အသုံးပြုသူသည် ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒနှင့်အညီ ထိုအချက်အလက်တို့အား ဝက်ဘ်ဆိုဒ်၏ စုဆောင်းမှု၊ အသုံးပြုမှုနှင့် ထုတ်ဖော်မှုတို့တွင် အသုံးပြုခွင့်ပေးရန် သဘောတူခွင့်ပြုရာရောက်ပါသည်။ ယခု မကိုယ်ရေးကိုယ်တာ အချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒတွင် သီးခြားအဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိပါက ကိုယ်ရေးအချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒပါ ဝေါဟာရ အသုံးအနှုန်းများသည် https://digitalspringmm.info ၏ စည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များအတိုင်း တူညီသည်ဟု နားလည်နိုင်ပါသည်။
အချက်အလက်ကောက်ယူမှု နှင့် အသုံးချမှု မူဝါဒ
ကျွန်ုပ်တို့ ဝက်ဆိုက် (Website) ကို အသုံးပြုသူများအနေဖြင့် အမည်၊ ဖုန်းနံပါတ်၊ အီးမေးလိပ်စာ၊ အမှန်တကယ် နေထိုင်သည့်လိပ်စာ၊ မွေးသက္ကရာဇ် ၊ လျှို့ဝှက်နံပါတ် (သို့) ဘဏ်ဝန်ဆောင်မှုဆိုင်ရာ အချက်အလက် များကဲ့သို့ မည့်သည့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များကိုမှ ပေးရန်မလိုအပ်ပါ။ အသုံးပြုရန်အတွက် Account ဖွင့်ရာတွင် လိုအပ်သည့် အချက်အလက်များသည်လဲ ပုဂ္ဂလိကဆိုင်ရာ အချက်အလက် အစစ်အမှန်များ ထားရှိရန် မလိုအပ်ပါ။
အချက်အလက် မှတ်တမ်း
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား သင်လာရောက်အသုံးပြုချိန်အတွင်း သင်အသုံးပြုသည့် ဘရောက်ဆာ (Browser) မှပေးပို့သည့်အချက်အလက် (အချက်အလက်မှတ်တမ်း) များကို စုဆောင်းပါသည်။ ယင်းအချက်အလက်မှတ်တမ်းတွင် သင့်ကွန်ပြူတာ၏ အင်တာနက်ပေါ်မှချိတ်ဆက်မှုများ (Internet Protocol-IP) လိပ်စာ၊ အသုံးပြုသည့် ဘရောက်ဆာ (Browser) အမျိုးအစား၊ ဘရောက်ဆာ (Browser) ဗားရှင်း၊ သင့်အသုံးပြုနေသာ ဒီဂျစ်တယ်ပစ္စည်းတွင် ထည့်သွင်းထားသည့် Operation System၊ သင် ဝင်ရောက်အသုံးပြုခဲ့သည့် စာမျက်နှာများ၊ သင် ဝင်ရောက်အသုံးပြုသည့် နေ့ရက်၊ အချိန် နှင့် စာမျက်နှာ တစ်ခုခြင်းပေါ်တွင် သင်ဝင်ရောက်အသုံးပြုခဲ့သည့် ကြာမြင့်ချိန် အပါအဝင် အခြားသော ကိန်းဂဏာန်းအရ တွက်ချက်နိုင်သည့်အချက်အလက်များ ပါဝင်နိုင်ပါသည်။
ကွတ်ကီးအသုံးပြုမှု မူဝါဒ
Cookie ဆိုသည်မှာ ကိုယ်ဝင်ရောက်အသုံးပြုနေသည့် Website မှ အသုံးပြုနေသော Browser ထဲတွင် သိမ်းဆည်းထားသော ဖိုင်များဖြစ်သည်။ ကွတ်ကီး (Cookies) အား ဝက်ဆိုက်မှတဆင့် သင့်ဘရောက်ဆာ (Browser) ထံသို့ပေးပို့ပြီး သင်အသုံးပြုသည့် ဒီဂျစ်တယ်ပစ္စည်း၏ အချက်အလက်သိမ်းဆည်းရာနေရာ (hard drive) တွင် သွားရောက် သိမ်းဆည်းထားမည်ဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် အချက်အလက် စုဆောင်းရေးအတွက် ကွတ်ကီး (Cookies) ကို အသုံးပြုပါသည်။ သင့်အနေဖြင့် အသုံးပြုနေသည့် ဘရောက်ဆာ (Browser) မှတဆင့် ကွတ်ကီး (Cookies) အားလုံး ကို ငြင်းဆိုခြင်း (သို့မဟုတ်) ကွတ်ကီး (Cookies) ဖိုင်အား ပို့ဆောင်စဉ် သဘောတူညီမှု မပြုလုပ်သေးခင်အချိန်အတွင်း သင့်အားဦးစွာ ဖော်ပြပေးရန်တို့ကို သတ်မှတ်လုပ်ဆောင်နိုင်သည်။ သို့သော်လည်း သင့်အနေဖြင့် ကွတ်ကီး (Cookies) အားလုံးအား ငြင်းဆိုလိုက်ပါက ကျွန်ုပ်တို့ ဝန်ဆောင်မှု၏ အစိတ်အပိုင်းအချို့အား သုံးစွဲနိုင်မည် မဟုတ်ပါ။
ဝန်ဆောင်မှုဆောင်ရွက်သူများ
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အဆင်ပြေချောမွေ့စေရန်၊ ကျွန်ုပ်တို့ ကိုယ်စား ဝန်ဆောင်မှုများကို ပံ့ပိုးရေးနိုင်ရန် ၊ ဝန်ဆောင်မှု အသုံးပြုမှုဆိုင်ရာ ကိစ္စများကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း (သို့မဟုတ်) ဆက်စပ်ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် ပြင်ပ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ခန့်အပ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါသည်။
ယင်းပြင်ပအဖွဲ့အစည်းများအနေဖြင့် အသုံးပြုသူများ၏ ပုဂ္ဂလိကဆိုင်ရာအချက်အလက်များကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့်ဆိုင်သည့် ကိစ္စရပ်များအတွက် ကျွန်ုပ်တို့ကိုယ်စား ကိုင်တွယ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ယင်းကိစ္စမှအပ အခြားသော ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းများ မပြုလုပ်ရန် တာဝန်ခံရမည်ဖြစ်ပါသည်။
လုံခြုံရေးဆိုင်ရာ မူဝါဒ
သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံရေးသည် ကျွန်ုပ်တို့အတွက်လဲ အလွန်အရေးကြီးပါသည်။ သို့သော် သတိပြုရမည်မှာ အင်တာနက်ပေါ်မှ အချက်အလက် ကူးပြောင်းခြင်းနှင့် အီလက်ထရောနစ် အချက်အလက် သိမ်းဆည်းမှုဆိုင်ရာ စနစ်အားလုံးတွင် ရာနှုန်းပြည့် လုံခြုံမှုဆိုသည်မှာ မရှိနိုင်ပါ။ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား စီးပွားရေးအရ အသုံးပြုမှုမှကာကွယ်နိုင်ရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ တက်နိုင်သမျှ အကာအကွယ်ပေးရန် ကြိုးပမ်းသွားမည် ဖြစ်သော်လည်း ရာနှုန်းပြည့်လုံခြုံရေးအတွက်မှု အာမခံပေးနိုင်မှု မရှိကြောင်း ကြိုတင်သိစေအပ်သည်။
အခြားသော ဝက်ဆိုက်များနှင့် ချိတ်ဆက်ခြင်း
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများတွင် ကျွန်ုပ်တို့၏ စီမံခန့်ခွဲမှုအောက်တွင်မရှိသော အခြားဝက်ဆိုက်များနှင့် ချိတ်ဆက်ဝန်ဆောင်မှုပေးခြင်းများ ပါဝင်နိုင်ပါသည်။ သင့်အနေဖြင့် ယင်းချိတ်ဆက်မှု (Link) များအား နှိပ်ပါက ပြင်ပ ဝက်ဆိုက်များသို့ တိုက်ရိုက် ရောက်ရှိသွားပါလိမ့်မည်။ သင်ဝင်ရောက်သွားသည့် ဝက်ဆိုက်တိုင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်အလက် အသုံးပြုမှုဆိုင်ရာ မူဝါဒများကို သုံးသပ်ရန် ကျွန်ုပ်တို့အနေဖြင့် လေးလေးနက်နက် အကြံပြုလိုသည်။
ကျွန်ုပ်တို့အနေဖြင့် မည်သည့် ပြင်ပဝက်ဆိုက် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပါတ်သက်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်အလက် အသုံးပြုမှုဆိုင်ရာ မူဝါဒများ (သို့မဟုတ်) အလေ့အထများသည် ကျွန်ုပ်တို့ ထိန်းချုပ်ကိုင်တွယ်နိုင်မှုဘောင်ထဲတွင်မရှိသည့်အတွက် ယင်းအခြေအနေများအတွက် တာဝန်ယူနိုင်ခြင်းမရှိကြောင်းကို ကြိုတင်သိစေအပ်ပါသည်။
ကလေးသူငယ်များ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသက် ၁၈ နှစ်အောက် (ကလေးငယ်) မည်သူကို မဆို ဝန်ဆောင်မှုမပေးပါ။
ကျွန်ုပ်တို့အနေဖြင့် သိသိရက်ဖြင့် အသက် (၁၈) နှစ်အောက် ကလေးငယ်များထံမှ ပုဂ္ဂလိကဆိုင်ရာအချက်အလက်များကို သိမ်းဆည်းထားမည်မဟုတ်ပါ။ သင်သည် ကလေးမိဘတစ်ဦး (သို့မဟုတ်) အုပ်ထိန်းသူတစ်ဦးဖြစ်နေပြီး သင့်ကလေး အနေဖြင့် ပုဂ္ဂလိကဆိုင်ရာအချက်အလက်များ ပေးပို့ထားကြောင်း သတိပြုမိပါက ကျေးဇူးပြုပြီး ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ အသက် (၁၈) နှစ်အောက် ကလေးငယ်တစ်ဦးဦးအနေဖြင့် ကျွန်ုပ်တို့ထံ ပုဂ္ဂလိကဆိုင်ရာအချက်အလက်များ ပေးပို့ထားမိကြောင်း သတိပြုမိပါကလည်း ကျွန်ုပ်တို့ ဝန်ဆောင်မှုမှ ချက်ခြင်းပယ်ဖျက်သွားမည်ဖြစ်သည်။
ကိုယ်ရေးအချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒအား ပြောင်းလဲပြင်ဆင်ခြင်း
ကျွန်ုပ်အတို့အနေဖြင့် ကိုယ်ရေးအချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒအား အခါအားလျှော်စွာ ပြောင်းလဲပြင်ဆင်မှု ပြုလုပ်နိုင်ပါသည်။ ပြောင်းလဲပြင်ဆင်မှုများနှင့် ပါတ်သက်သည့် မူဝါဒအသစ်များအား ယခု စာမျက်နှာမှတဆင့် အသိပေးသွားမည် ဖြစ်ပါသည်။
ပြောင်းလဲမှုများအာ သိရှိနိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒအားများအာ မကြာခန ဝင်ရောက်သုံးသပ်ကြည့်ရှုပါရန် ကျွန်ုပ်တို့အနေဖြင့် အကြုံပြုလိုသည်။ ဤစာမျက်နှာပေါ်တွင် ပြောင်းလဲ ပြင်ဆင်ပြီးသည်နှင့် တပြိုင်နက် မူဝါဒအသစ်များသည် စတင်အသက်ဝင်မည်ဖြစ်ပါသည်။
ကိုယ်ရေးအချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒများနှင့် ပါတ်သက်ပြီး မရှင်းလင်းသည်များကို မေးမြန်းလိုပါက digitalspringmm@proton.me သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည် ။
မူပိုင်ခွင့်
ကျွန်ုပ်တို့ DigitalSpringmm.info တွင်ထားရှိသော အကြောင်းအရာများ၊ စာစုများ၊ လမ်းညွှန်များ နှင့် နည်းပညာများ သည် Creative Commons Attribution-NonCommercial-ShareAlike License အောက်တွင် ရေးသားဖန်တီးထားပြီး မှတ်ပုံတင်ထားပါသည် ။ ထိုလိုင်စင်နှင့်ပတ်သတ်၍ အသေးစိတ် သိရှိလိုပါက ဒီနေရာတွင် ဖတ်ရှူနိုင်ပါသည် ။ လိုင်စင်သဘောတူညီမှုများအရ ဤ website တွင် ထားရှိသော အကြောင်းအရာများ ၊ စာစုများ ၊ လမ်းညွှန်များ ၊ နည်းပညာများကို
- မည်သည့်ပုံစံမျိုးနှင့်မဆို ကူးယူဖော်ပြနိုင်သည် ။
- ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်နိုင်သည် ။
- မူလဖန်တီးရေးသားထားသော အဖွဲ့အစည်းဖြစ်သော ကျွနု်ပ်တို့အား ပြန်လည်ရည်ညွှန်းရပါမည် ။
- အခကြေးငွေဖြင့် ပြန်လည်အသုံးချမှု (လုံးဝ) ခွင့်မပြုပါ ။
- အကြောင်းအရာများ ၊ စာစုများ ၊ လမ်းညွှန်များ နှင့် နည်းပညာများကို တဆင့်ပြန်လည် အသုံးပြုမှုတွင်လည်း တူညီသော လိုင်စင်သဘောတူညီမှု ဖြစ်ရမည် ။
ဤ website ၏ မျှဝေမှု လိုင်စင် နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက digitalspringmm@proton.me သို့ ဆက်သွယ်မေးမြန်းနိုင်သည် ။
မသက်ဆိုင်ကြောင်းရှင်းလင်းချက် (Disclaimer)
ကျွန်ုပ်တို့ DigitalSpringmm.info တွင်ထားရှိသော အကြောင်းအရာများ၊ စာစုများ၊ လမ်းညွှန်များ နှင့် နည်းပညာများ သည် Creative Commons Attribution-NonCommercial-ShareAlike License အောက်တွင် ရေးသားဖန်တီးထားခြင်း ဖြစ်ပါသည်။ ဤ website တွင် မည်သည့်ပုံစံနှင့်ဖြစ်စေ ဖော်ပြထားသော နည်းပညာ ၊ tools apps နှင့် အခြား မည်သည့်ဖော်ပြချက်ကိုမဆို (as-is) သည်အတိုင်း (သို့) သည်မျှသာဟု မှတ်ယူရမည်ဖြစ်ပြီး၊ မည်သည့်အာမခံချက် မှမပါဝင်ကြောင်း နှင့် တစ်စုံတစ်ရာ ပျက်စီးခြင်း၊ ပျက်သုဉ်း ခြင်းဖြစ်ပေါ်လာပါက ကျွန်ုပ်တို့မှ တာဝန်ယူမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ပြောင်းလဲမှုများအာ သိရှိနိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒအားများအာ မကြာခန ဝင်ရောက်သုံးသပ်ကြည့်ရှုပါရန် ကျွန်ုပ်တို့အနေဖြင့် အကြုံပြုလိုသည်။ ဤစာမျက်နှာပေါ်တွင် ပြောင်းလဲ ပြင်ဆင်ပြီးသည်နှင့် တပြိုင်နက် မူဝါဒအသစ်များသည် စတင်အသက်ဝင်မည်ဖြစ်ပါသည်။ ကိုယ်ရေးအချက်အလက်အသုံးပြုမှုဆိုင်ရာ မူဝါဒများနှင့် ပါတ်သက်ပြီး မရှင်းလင်းသည်များကို မေးမြန်းလိုပါက digitalspringmm@proton.me သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည် ။