Select Your Favourite
Category And Start Learning.

Open source Intelligence

ကိုယ့်နာမည်ကိုယ် Google မှာ ရိုက်ရှာဖူးပါသလား။ ရှာတဲ့အခါမှာရော ဘာတွေတွေ့ပါသလဲ။ အဲ့သည်တွေ့ရှိတာတွေကို တခြားသူတွေလည်း တွေ့နိုင်ပါတယ်။

ကိုယ့်နာမည်နဲ့ ဖွင့်ထားခဲ့တဲ့အကောင့်တွေ၊ ကိုယ့်ရဲ့ ဓာတ်ပုံတွေ၊ ကိုယ်အလုပ်လုပ်ခဲ့တဲ့နေရာတွေ၊ Facebook Live အောက်က ကိုယ်မန့်ထားခဲ့တဲ့ ဖုန်းနံပါတ်တွေ၊ pinterest မှာ ကိုယ်စုထားတဲ့ Collection တွေ ကို တခြားသူတွေလည်း တွေ့နေနိုင်တယ်ဆိုတာ ဒစ်ဂျစ်တယ်ပေါ်မှာ ကိုယ့် Identity ကိုတည်ဆောက်နေတဲ့ သူတွေအတွက်တော့ ကောင်းနိုင်ပေမယ့် ဒီလိုဒစ်ဂျစ်တယ်လုံခြုံရေးကို ဂရုစိုက်ဖို့ လိုအပ်နေတဲ့အချိန်မှာတော့ အဆင်မပြေနိုင်တော့ပါဘူး။ ဒီလို လူတကာ လက်လှမ်းမှီရှာဖွေလို့ ရနိုင်တဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး အသုံးချနိုင်တဲ့အချက်အလက်တွေအဖြစ် ပြောင်းလဲတာကာ ပစ်မှတ်ထားစောင့်ကြည့်သူတွေကို ဖော်ထုတ်သတင်းပေးတာ၊ ခြေရာခံ ဖမ်းဆီးတာမျိုးတွေလုပ်တာကို အထင်အရှားတွေ့မြင်နေရပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကို နားလည်ဖို့ နဲ့ တန်ပြန်ကာကွယ်နိုင်ဖို့ OSINT လို့ ခေါ်တဲ့ Open source Intelligence အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။

Leave a comment

-->
Skip to content