7. တစ်ကိုယ်ရည် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း
About Lesson

အဓိပ္ပါယ် ဖွင့်ဆိုချက် နှင့် အခြေခံ နားလည်မှုများ

ဒီမှာ အများဆုံးသုံးသွားမယ့် စကားလုံးတွေရဲ့ အကောက်အယူတွေကို နားလည်မှုရသွားအောင် အရင် ရှင်းပြချင်ပါတယ်။

Risk – ၄င်းကို များသောအားဖြင့် risk များတယ်၊ အန္တရာယ်များတယ်၊ အစရှိသဖြင့် အမျိုးမျိုး အပြောင်းအပြန် အဆင်သင့်သလို အသုံးပြုတတ်ကြပါတယ်။ တကယ်ကတော့ Risk ဆိုတဲ့ အင်္ဂလိပ်စကားလုံးအသုံးအနှုန်းက “ထိခိုက်နစ်နာမှု ဖြစ်စေနိုင်သော အန္တရာယ် ကျရောက်နိုင်သည့် အလားအလာ” အခြေအနေ တစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ ယူဆရမှာဖြစ်ပါတယ်။ Threat – ဒီစကားလုံးကိုတော့  ခြိမ်းခြာက်မှု လို့ အဓိပ္ပါယ်ဖွင့်ကြပါတယ် ။ အထူးသဖြင့်  အန္တရာယ် ကျရောက်စေမည့် ခြိမ်းခြောက်မှုများ၊ ထိခိုက်စေလိုတဲ့ ဆန္ဒ၊ ဦးတည်ချက်၊ အနေအထား နှင့် အင်အားစုများလို့ပဲ ပြောရမှာဖြစ်ပါတယ်။ Capacity – ဒီမှာတော့ စွမ်းရည်၊ လုပ်နိုင်စွမ်း၊ ဖြတ်ထိုးဉာဏ် အစရှိသဖြင့်အထိ ပါနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ လုံခြုံရေးအဆင့်မြှင့်တင်နိုင်သည့် စွမ်းရည်၊ လုပ်ဆောင်နိုင်စွမ်း၊ ထို့အပြင် ပေါက်ရောက်မှု၊ ထိရောက်သူများနှင့် ခင်မင်မှု၊ သက်ဆိုင်မှု အမျိုးမျိုး ပါနိုင်ပါတယ်။ Vulnerabilityဟာကွက် သို့မဟုတ် အားနည်းချက် လို့ ယူဆလို့ရပါတယ်။ အထူးဖြင့် ကိုယ်ရဲ့ လုံခြုံရေးကို ထိပါးစေနိုင်သော အခြေအနေ အနေအထားတစ်ခု ဖြစ်ပါတယ်။

ကိုယ့်အပေါ် ထိခိုက်နစ်နာမှု ဖြစ်စေနိုင်တဲ့ အန္တရာယ် ကျရောက်နိုင်မယ့် အလားအလာကို အောက်က ဖော်မြူလာအတိုင်း တွက်ချက်ကြည့်လို့ရပါတယ်။

Risk = (Threat x Vulnerabilities) / Capacity
The Risk formula by Front Line Defenders

ကိုယ့် Risk ကို ဖေါ်ထုတ်ဖို့ အတွက် ကိုယ့်ကို ၁) ကိုယ့်ကို ခြိ်မ်းခြောက်နေတဲ့ Threats တွေ နဲ့ ၂)ကိုယ့်မှာ ရှိတဲ့ ဟာကွက် Vulnerabilities တွေကို ၃) ကိုယ့်ရဲ့ Capacity တွေနဲ့ ချိန်စားပြီး တွက်ချက်ရမှာဖြစ်ပါတယ်။ ရန်သူများက ကိုယ်ရဲ့ ယိုပေါက်များကို ရှာဖွေပြီး တစ်ဖက်မှာလည်း ကိုယ့်ကို  အန္တရာယ်ဖြစ်စေဖို့အတွက် ခြိမ်းခြောက်မှုတွေ လုပ်လာမှာပါ။အလားတူပဲ ကိုယ့်ရဲ့ လုပ်ဆောင်ရည် ၊ လုပ်နိုင်စွမ်းတွေက ဒီခြိမ်းခြောက်လာမှုတွေနဲ့ ယိုပေါက်တွေကို ကာကွယ်နိုင်ဖို့ ဘယ်လောက်ရှိနေလဲ ချင့်ချိန်ရမှာဖြစ်ပါတယ်။ ဒီနှစ်မျိုးလုံးကို ကိုယ်က မြင်အောင် ကြည့်နိုင်ဖို့ လိုပါတယ်။ဒါကြောင့်မို့ ကိုယ့်ရဲ့ risk ဒါမှမဟုတ် အဖွဲ့အစည်း၊ အုပ်စုတစ်စုရဲ့ risk ကို တွက်ချက်မယ်ဆိုရင်တော့ ဒီ သုံးခုလုံးကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ပြန်ချုပ်ရမယ်ဆိုရင်တော့ Risk သည် Threat နဲ့ Vulnerability များရင် များသလောက် ကြီးမားမှာ ဖြစ်ပြီးတော့၊ ကိုယ့်ရဲ့ capacity ကောင်းရင်ကောင်းသလောက် ဒါတွေကို လျှော့ချလို့မှာပါ။

Join the conversation
Skip to content