Course Content
Password မိတ်ဆက်
စကားဝှက် အကြောင်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
0/3
လုံခြုံရေးဆိုင်ရာ အကြံပြုချက်များနှင့် သင်ခန်းစာ အနှစ်ချုပ်
0/1
3. အခြေခံစကားဝှက်လုံခြုံရေး
About Lesson

Password က ကာကွယ်ပေးနိုင်သာအရာများ

ကိုယ့်ရဲ့ ပစ္စည်းဥစ္စာတွေကို အခြားသူတွေက အလွယ်တကူ ယူဆောင်သွားခြင်း မပြုနိုင်အောင် သော့ခတ်သိမ်းဆည်းကြသလိုမျိုး ကိုယ့်ရဲ့ digital ပိုင်ဆိုင်မှုတွေကိုလည်း အခြားသူတွေ ယူဆောင်သွားတဲ့ရန်က ကာကွယ်နိုင်ဖို့ ခိုင်မာအားကောင်းတဲ့ password တွေကို မဖြစ်မနေထားဖို့ လိုအပ်တယ်ဆိုတာ ထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူး ။

Password တွေဟာ

  • ကိုယ်သဘောမတူပဲ အခြားသူမှ ဝင်သုံးခြင်း၊
  • ကိုယ်ပိုင်အချက်အလက်များ ခိုးယူခံရခြင်း၊
  • အခြားသူမှ သင့်ပုံစံဟန်ဆောင်ကာ ဝင်ရောက်အသုံးပြုခြင်း၊
  • ဖုန်း၊ ကွန်ပျူတာများ ပျောက်ဆုံးသွားပါက အချက်အလက်များ တစ်ပါးသူဆီ ရောက်ခြင်းများ   မှ ကာကွယ်ပေးနိုင်ပါတယ်။

သန်းပေါင်းများစွာသော အကောင့်တွေထဲက ကိုယ်အကောင့်ကို ရွေးချယ်ဝင်ရောက်ဖို့အတွက် username/email address အပြင် password နှင့် တွဲပြီး verification စစ်မှန်‌ကြောင်း တာဝန်ခံပေးရတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် အကောင့် လုံခြုံရေးအတွက် Password တွေအပြင် ကိုယ်ရဲ့ email address/username တွေကိုလည်း platform အသီးသီး privacy ချိန်ညှိတာ၊ အသုံးပြုပုံ ဆင်ခြင်တာမျိုး နဲ့ ကာကွယ်ဖို့ လိုအပ်ပါတယ်။

ကာကွယ်နည်း အမျိုးမျိုး နှင့် Password အရေးပါပုံ

Password တွေဟာ အသုံးပြုသူရဲ့ အထောက်အထားကိုအတည်ပြုရန် လျှို့ဝှက်ဒေတာဖြင့် ဖွဲ့စည်းထားတဲ့ စကားစု သို့မဟုတ် စာလုံးတန်းတစ်ခု ဖြစ်ပါတယ်။

နည်းပညာတိုးတက်လာတာနဲ့အမျှ၊ နည်းပညာက လူသားတို့ရဲ့ ဘဝမှာ နေရာပိုယူလာပါတယ်။ နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရတာနဲ့အမျှ password တွေဟာလည်း တိုးတက်ပြောင်းလဲလာကြပါတယ်။ အများဆုံးတွေ့ရတဲ့ password သို့မဟုတ် အလားတူ ကာကွယ်မှုပုံစံတွေကတော့

  • PIN သို့မဟုတ် Personal Identification Number – သူ့ကိုတော့ ဘဏ်အကောင့်တွေ၊ ATM PIN တွေ၊ ဖုန်း screen lock တွေ အနေနဲ့ တွေ့ရပြီးကိန်းဂဏန်းတွေအနေနဲ့  ၆ လုံးမှ ၈ လုံးအထိ တွေ့ရတတ်ပါတယ်။ PIN တွေဟာ ယေဘူယျအားဖြင့်တော့ စာလုံး ၊ သင်္ကေတာ နဲ့ ကိန်းဂဏန်းတွေကို အရှည်သတ်မှတ်ချက်မရှိပဲ ထားလို့ရတဲ့ Password တွေးလောက်တော့ လုံခြုံမှု မရှိပါဘူး၊ မှတ်ရတော့ လွယ်ကူပါလိမ့်မယ်။ ဂဏန်း ၆ လုံးနဲ့ဖွဲ့စည်းထားတဲ့ PIN တစ်ခုဟာ ဖြစ်နိုင်ခြေ ၁၀ မီလီယံ သာရှိပါတယ်။ အဲ့တာကြောင့် PIN တွေများက ခန့်မှန်းရလွယ်ကူနိုင်ပြီး shoulder surfing လို့ခေါ်တဲ့ ဘေးလူ/နောက်လူ က အခြေနေကြည့်ပြီး ခန့်မှန်းရလွယ်ကူနိုင်တဲ့ အန္တရာယ်တွေလည်းရှိပါတယ်။
  • Patterns – Pattern တွေကိုတော့ ဖုန်း screen lock တွေ အနေနဲ့ တွေ့ရတတ်ပါတယ်။ PIN လို အ‌ရေအတွက် ကန့်သတ်မှုမရှိ (ဉမာ –  ၆ လုံး သို့ဟုတ် ၈ လုံး) တဲ့အတွက် ရှုပ်ထွေးရင် ရှုပ်ထွေးသလို ကာကွယ်နိုင်သော်လည်း password လောက် မခိုင်မာတဲ့အပြင် PIN လိုမျိုးပဲ shoulder surfing အန္တရာယ်ကိုလည်း ထည့်တွက်သင့်ပါတယ်။
  • Passwords – Password တွေကတော့ မိရိုးဖလာ သုံးရင်းစွဲ alphabets (a-z,A-Z), numerics (0-9), symbols (&$@#,etc.) တွေးအပြင် အခြား Extended ASCII လို unicode character တွေးဖြစ်တဲ့ (áÊÐЮÎÒõ,etc.) တို့ကိုပါ ထောက်ပံပေးတဲ့အတွက် ဖန်တီးရင် ဖန်တီးသလို ခိုင်မာနိုင်မှာဖြစ်ပါတယ်။ (ဒီမှာ နှိုင်းယဉ်ကြည့်ရမယ်ဆို ဂဏန်း (0-9) နှင့် ဗည်းသရ (a-z,A-Z) စုစုပေါင်း ၆ လုံးသာ ပါဝင်တဲ့ password အစုအဖွဲ့တစ်ခုအတွက် ဖြစ်နိုင်ခြေ ၆၉၀ ဘီလီယံ ရှိပါတယ်။ )
  • Passphrase –  Passphrase တွေကတော့ စကားလုံးတွဲအစုတွေကို Password အဖြစ်ထားခြင်းဖြစ်ပါတယ်။ Passphrase တွေဟာ ကိုယ်မှတ်မ်ိတဲ့ သီချင်းစာသား စကားပုံ စကားစုတွေကိုလည်း ထားလို့ရတာဖြစ်တဲ့အတွက် အလွယ်တကူမေ့သွားမှာကို စိတ်ပူစရာမလိုပဲ အခြားသူတွေကလည်းအလွယ်တကူ ခန့်မှန်းလို့မရနိုင်ပါဘူး။  ဥပမာ –  I want to live in Netherlands ဆိုတာမျိုး phrase အလိုက် စကားစုလိုက်ထားတာမျိုးကို ဆိုလိုပါတယ်။
  • Bio-metric – နောက်ဆုံးပေါ် authentication method (စစ်မှန်ကြောင်းစစ်ဆေးတဲ့ စံနစ်) တစ်ခုဖြစ်ပြီး လက်ဗွေရာ, retina scan က နေ face unlock အထိပါဝင်ပါတယ်။ လုံခြုံရေး ကောင်းမွန်သော်လည်း ထိရှလွယ်တဲ့ အချက်အလက်တွေ၊ စက်ပစ္စည်းတွေ အတွက် ဂရုပြုသင့်တာကတော့ ကိုယ်ရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေကို password အနေနဲ့ အသုံးပြုရတာဖြစ်တဲ့အတွက် အတင်းအကျပ် စေခိုင်းမှုကြောင့်  ဖွင့်ပေးရခြင်းဆိုတဲ့ အန္တရာယ်ဖြစ်ပါတယ်။
Knowledge Such as passwords, PIN or Security question response: biometric such as user's voice, speech, facial scan or fingerprint, Possession such as a key fob, IO card, or a device that generates a one-time code

Source : dashlane

Skip to content