Course Content
Password မိတ်ဆက်
စကားဝှက် အကြောင်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
0/3
လုံခြုံရေးဆိုင်ရာ အကြံပြုချက်များနှင့် သင်ခန်းစာ အနှစ်ချုပ်
0/1
3. အခြေခံစကားဝှက်လုံခြုံရေး
About Lesson

ခိုင်မာအားကောင်းသော Password များ

လုံခြုံရေး အားနည်းတဲ့ သော့တွေနဲ့ ခတ်ထားရင် ကိုယ်ပိုင်ပစ္စည်းတွေးကို အခြားသူတွေကတွေကအလွယ်အကူ ဖွင့်ပြီး ယူဆောင်နိုင်သလို လွယ်ကူရိုးရှင်းပြီး ခန့်မှန်းရလွယ်တဲ့ password တွေ ပေးထားရင်လည်း တခြားသူတွေ / မသမာသူတွေက အလွယ်တကူ သိရှိနိုင်မှာဖြစ်ပြီး ကိုယ့်အကောင့်တွေ ၊ ဒေတာအချက်အလက်တွေ ၊ ငွေကြေးဥစ္စာတွေ ပါ ဆုံးရှုံးရနိုင်ပါတယ်။ ဒါကြောင့် Password တွေ ပေးတဲ့အခါမှာ

  • ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်တဲ့ အချက်အလက်တွေမပါဝင်သင့်ပါဘူး ။ ကိုယ့်မိသားစုဝင်၊ မိတ်ဆွေ၊ ချစ်သူ အစရှိတဲ့ ကိုယ်နဲ့ပတ်သတ်တဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလည်း မပါဝင်သင့်ပါဘူး ။  (ဥပမာ – ကိုယ့် နာမည် ၊ မွေးသက္ကရာဇ် ၊ မှတ်ပုံတင်နံပါတ် ၊ ဖုန်းနံပါတ် ၊ လိုင်စင်နံပါတ်  စတာတွေအပြင် ချစ်သူဖြစ်တဲ့နေ၊ မင်္ဂလာဆောင်တဲ့နေ့ လိုမျိုး ကိုယ်ရဲ့ လူသိများတဲ့ အမှတ်တရနေ့ရက်များ၊ နေ့စွဲများ )
  • အစဉ်လိုက် အက္ခရာ တွေ ၊ ဂဏန်းတွေ ကို မထားသင့်ပါဘူး ။  ( ဥပမာ – 1,2,3,4,5,6,7 , a,b,c,d,e,f,g, z,y,x,w,v အစရှိတာတွေဖြစ်ပါတယ်။ ) စကားဝှက်တွေပေးတဲ့အခါ နာမည်တွေ နဲ့ ဂဏန်းတွေ ကို ညှပ်ပေးရင် ပိုကောင်းပါတယ် ။ အထူးသဖြင့် Special Characters တွေ ပါရင်ပိုကောင်းတယ်။ (ဥပမာ –  !@#$%^&*()_+)

Password ထားမယ်ဆိုရင် သူများတွေ အလွယ်တကူ ခန့်မှန်းလို့မရအောင် ခိုင်မာအားကောင်းတဲ့  password ထားခြင်းမျိုး အပြင် အရေးကြီးတာက ကိုယ်တိုင်လည်း မှတ်မိဖို့ မေ့သွားတာမျိုးမဖြစ်ဖို့ လည်း ဂရုစိုက်ဖို့လိုပါတယ်။ Password တွေကို စာအုပ်ထဲမှာ ချရေးထားတာမျိုး၊ လူမြင်နိုင်တဲ့ စားပွဲခုံပေါ် နဲ့ ကွန်ပျူတာပေါ်တွေမှာ ကပ်ထားတာမျိုးမလုပ်မိဖို့ လိုအပ်ပါတယ်။ Password တွေကို သုံးလတစ်ကြိမ် ဒါမှမဟုတ် ခြောက်လတစ်ကြိမ် ပြောင်းလဲအသုံးပြုခြင်းမျိုးလည်း ပြုလုပ်သင့်ပါတယ်။ အကောင့်တစ်ခုနဲ့ တစ်ခု ၊ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု တစ်ခုနဲ့ တစ်ခုကို တူညီတဲ့ Password  တွေမထားသင့်ပါဘူး။ မသမာသူတွေက အကောင့်တစ်ခုခုကို Password သိလို့ ချိုးဖေါက်တိုက်ခိုက်တဲ့အခါ တူညီတဲ့  Password ထားထားတဲ့ အကောင့်တွေပါ  ပါသွားနိုင်ပါတယ်။

ဒါကြောင့် password ထားမယ်ဆိုရင် ဒီလိုလေး အလွယ်မှတ်ထားလို့ရပါတယ်။

    • ရှုပ်ရမယ်…. ရှုပ်
    • ရှည်ရမယ်…ရှည်
    • ခက်ရမယ်…ခက်
    • မှတ်မိရမယ်….မှတ်
    • ပြီးတော့ …… မကြာခဏ ပြောင်းပေးဖို့လိုအပ်ပါတယ်။

ကိုယ် ထားရှိထားတဲ့  Password တွေ ဘယ်လောက်လုံခြုံလဲ ၊ သူများအလွယ်တကူ ချိုးဖောက်ဖို့  အချိန် ဘယ်လောက်လိုနိုင်လဲ ဆိုတာတွေကိုသိနိုင်ဖို့ ဒီ Website မှာ စစ်ဆေးကြည့်လို့ရပါတယ်။

https://www.security.org/how-secure-is-my-password/

မှတ်ချက်။ ။ ကိုယ်ရဲ့ Password တွေကို အမှန်အတိုင်း ရိုက်ထည့်စစ်ဆေးဖို့ စိတ်မချဘူးဆိုရင်လဲ ဆင်တူတဲ့ Password  လေးတွေနဲ့ စမ်းထည့်ကြည့်ပြီး စစ်ဆေးကြည့်ဖို့ အကြံပြုပါတယ်။

How secure is My password

Skip to content