Course Content
Password မိတ်ဆက်
စကားဝှက် အကြောင်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
0/3
လုံခြုံရေးဆိုင်ရာ အကြံပြုချက်များနှင့် သင်ခန်းစာ အနှစ်ချုပ်
0/1
3. အခြေခံစကားဝှက်လုံခြုံရေး
About Lesson

အကြံပြုချက်များ နှင့် အနှစ်ချုပ်

  • KeepassXC နှင့် KeepassDX သည် MacOS ဖြစ်ဖြစ်၊ Windows ဖြစ်ဖြစ်၊ Linux ဖြစ်ဖြစ် Operating System မျိုးစုံမှာ အလုပ်လုပ်နိုင်တဲ့ cross platform ဖြစ်တဲ့အတွက် Database ကို ကိုယ့်ရဲ့ အခြား မတူညီသော Platform များအသုံးပြုထားတဲ့ စက်ပစ္စည်းတွေမှာ share ပြီး အသုံးပြုလို့ရပါတယ်။ (ဥပမာ – ကိုယ့်ရဲ့ Android ဖုန်း နဲ့ ကိုယ့် ရဲ့ Windows တင်ထားတဲ့ ကွန်ပြူတာလပ်တော့ နှစ်ခုလုံး)
  • အင်တာနက်မလိုပဲ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် ကိုယ်တည်ဆောက်ထားတဲ့ database file ကို ကိုယ်ရဲ့ Hard drive တွေ နဲ့ cloud storage ပေါ်များမှာ တင်ထားလို့ရပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ Password တွေ အရေးကြီးအချက်အလက်တွေ သိုမှီးထားတဲ့ database file ကို ခရီးဆောင်အိတ်သဘောမျိုးနဲ့  သယ်ယူအသုံးပြုသင့်ပါသည်။
  • KeepassXC နဲ့ KeepassDX တို့ဟာ Database ဖိုင်ကို ဖန်တီးဖို့နဲ့  အဖွင့်အပိတ် ဆောင်ရွက်ဖို့ အတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရေးပေါ်အခြေအနေမှာ Application ကိုပါ ဖျက်ထားလို့ရနိုင်ပါတယ် ။ အဆင်ပြေတဲ့အချိန်မှာ Keepass တစ်ခုခုနဲ့ ကိုယ့်ရဲ့ Database ကို ပြန်ဖွင့်လို့ ပြန်သုံးလို့ ရနေဦးမှာဖြစ်ပါတယ်။
  • Database ဖိုင်ဟာ ကိုယ့်ရဲ့ devices တွေပေါ်မှာရှိနေရင် ကိုယ် update လုပ်လိုက်တဲ့ database ဖိုင်က ကိုယ်ရဲ့အခြား device ပေါ်မှာ update ဖြစ်သွားမှာ မဟုတ်ပါဘူး ။
Skip to content