Course Content
Password မိတ်ဆက်
စကားဝှက် အကြောင်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
0/3
လုံခြုံရေးဆိုင်ရာ အကြံပြုချက်များနှင့် သင်ခန်းစာ အနှစ်ချုပ်
0/1
3. အခြေခံစကားဝှက်လုံခြုံရေး
About Lesson

Keepassium ကတော့ iOS အသုံးပြုသူတွေအတွက် Keepass ကနေ တဆင့် ပြန်လည်မွမ်းမံတည်ဆောက်ထားတဲ့ Password Manager တစ်ခုဖြစ်ပါတယ် ။ ကိုယ်ရဲ့ Password နဲ့ အရေးကြီးသောအချက်အလက် များအပြင် file အမျိုးအစားအစုံကို စိတ်ချလက်ချသိမ်းလို့ရပါတယ် ။ Kepassuimမှာ တစ်ခုပိုပြီး ပြုလုပ်လို့ရတာကတော့ အင်တာနက်ရတဲ့အချိန်ရော အင်တာနက်အသုံးပြုလို့မရတဲ့ အချိန်မှာပါ အသုံးပြုနိုင်နေတာပါ။ မတူညီတဲ့ apple  ကုမ္မဏီထုတ် စက်ပစ္စည်းတွေမှာ အလိုအလျောက် Two-Way Synchronization စနစ်ပါတဲ့အတွက် ကိုယ့်ရဲ့ Dat‌abase file ကို အမြဲပြင်နေလို့ရပြီး ပြောင်းလဲသွားတဲ့ အချက်အလက်တွေကို တစ်ခါတည်းပြင်ပြီးတာနဲ့ update လုပ်ပြီးသားဖြစ်နေမှာပါ ။ AppStore မှ အခမဲ့ ရယူ (download) ပြီး  အသုံးပြုလို့ရပါတယ်။

Application အသုံးပြုနည်းကို exercise file ကနေ တဆင့် ရယူပြီး အသုံးပြုနိုင်ပါတယ် ။

မှတ်ချက် ။ Keepassium ကတော့ ရင်းမြစ်ပွင့်လင်းမြင်သာမှု ရှိတဲ့ နည်းပညာ မဟုတ်ပါဘူး ။  အင်တာနက်ချိတ်ဆက်ပြီး အသုံးပြုလို့ရနေတာဖြစ်တဲ့အတွက် အားနည်းချက်တွေ ရှိနေနို်င်ပါတယ် ။ ကိုယ့်ရဲ့ icloud လုံခြုံမှုကလည်း အရေးကြီးသလို ကုမ္မဏီဘက်က အချက်အလက်လုံခြုံအောင် ထိန်းသိမ်းထားနိုင်မှုကလည်း အရေးကြီးပါတယ် ။

အသုံးပြုနည်း လမ်းညွှန်

 

 

အဆင့် ၁ ။ Keepassium Application ထဲသို့ ဝင်၍ Create Database ကို ရွေးချယ်ပါ။

  • Database File Name မှာ ကိုယ်ပေးလို့တဲ့နာမည်တစ်ခုပေးရပါမယ်။
  • Master Key Password ပေးပါ။ လုံးဝမေ့လို့မရ သော Password ဖြစ်ပါ သည်။ Master Key Password မေ့သွားပါ က Database file လုံးဝဖွင့်လို့ ရတော့မည် မဟုတ်ပါ။ ထို့နောက် Save Database ကို နှိပ်ပါ။
  • Database File ကို  သိမ်းဖို့နေရာတစ်ခုရွေးပေးဖို့လိုပါတယ်။ (Keepassium က Drive, OneDrive, Google Drive ကိုပါ Support ပေးထားလို့ ကိုယ်အဆင်ပြေတဲ့ နေရာကိုရွေးချယ်ပေးပါ။

Database File တစ်ခုကိုတည်ဆောက်ပြီးပါပြီ။

နောက်တစ်ဆင့်အနေနဲ့  Entry တစ်ခု တစ်နည်းအားဖြင့် ကိုယ့် Password တွေစတင်သိမ်းမယ့် File တစ်ခုဆောက်ဖို့ လိုပါလိမ့်မယ် ။

 

 

အဆင့် ၂ ။ ညာဘက်ထောင့်အပေါ်ရှိ “+” အပေါင်းလက္ခဏာကို နှိပ်၍ Create Entry ကို ရွေးပြီး  Database File တစ်ခုကိုစတင် တည်ဆောက်လို့ရပါပြီ။

  • New Entry မှာ ကိုယ်ပေးလို့တဲ့နာမည်တစ်ခုပေးရပါမယ်။ Gmail သိမ်းမယ်ဆိုရင်တော့ Gmail ၊ Facebook တို့ တစ်ခြားအကောင့်တွေအတွက်ဆိုရင်တော့ Social Media Account အစရှိသဖြင့်သင့်တော်သလ်ိုပေးနိုင်ပါတယ်။
  • Username မှာ ကိုယ့်အကောင့်ကို ထည့်ပါ။ Password မှာ ထိုအကောင့်ရဲ့ Password ကို ရိုက်ထည့်ပါ။ URL နေရာမှာ အကောင့်ဝင်ရောက်နိုင်တဲ့ Website စာမျက်နှာလင့်ကို ထည့်ထားနိုင်ပါတယ်။ Notes မှာ Recovery Code များကဲ့သို့ ကိုယ်မှတ်သားလိုသော အရာများကို ထည့်သွင်းသိမ်းဆည်းနိုင်ပါတယ်။
  • Files ထဲတွင် အချို့သော အရေးကြီးသော Attachment file များဖြစ်သော(ဓါတ်ပုံ/ PDF/Word/ Excel ) များလည်းတွဲ၍ သိမ်းထားနိုင်ပါတယ်။
  • History ထဲတွင်မူ Database History နဲ့ Database Expiry date များသတ်မှတ်နိုင်ပါသည်။

အခုဆိုရင်တော့ Entry တစ်ခု ပြီးမြောက်သွားပါပြီ။ တခြား account နဲ့ Password များကိုလည်း ဒီနည်းအတိုင်းပဲ မှတ်သားနိုင်ပါတယ်။

 

 

အဆင့် ၃ ။ Database ကို ဝင်ရောက်အသုံးပြုလို့ပြီးပါက Lock ပြုလုပ်ပါ။ ပြန်လည်အသုံးပြုပါက ပေးခဲ့သော Master Password ဖြင့် Unlock ပြုလုပ်ပါ။

 

 

အဆင့် ၄ ။ Keepassium ရဲ့ လုံခြုံရေးပိုင်းမှာ App Protection နဲ့ Data Protection ဆိုပြီး(၂) ပိုင်းပါဝင်ပါတယ်။

  • App Protection အပိုင်းကတော့ Application ကို Lock ထား၍လုံခြုံအောင်လုပ်ခြင်းဖြစ်ပါသည်။
  • Data Protection အပိုင်းသည် မိမိထားရှိသော Password Entry များ Database များအား Password

များဖြင့် ကာကွယ်ထားခြင်းဖြစ်ပါသည်။

လုံခြုံရေးSetting များကို ချိန်ညှိရန် App Protection နဲ့ Data Protection ကို ဝင်ပါ။

  • Keepassium Application ကို Lock ခတ်ရန် Enable AppLock ကို ဖွင့်ထားပါ။ ပေးထားသော Passcode ကို Change Passcode တွင် ပြောင်းလဲနိုင်သည်။
  • လက်ဗွေ၊ မျက်နှာနှင့်လည်း ဖွင့်လို့ရနိုင်တဲ့ ချိန်ညှိမှု ပါဝင်ပေမယ့် အသုံးမပြုဖို့ အကြံပြုပါတယ်။
  • Timeout မှာ Application ကို Lock ပြန်ခတ်ပေးစေမယ့် အချိန်အပိုင်းအခြားကို ရွေးချယ်နိုင်ပါတယ်။
  • Protect Databases ကို ဖွင့်ထားပါ။

 

အဆင့် ၅ ။ Data Protection မှာ Keepassium Application အတွင်း သိမ်းဆည်းထားသော ဒေတာများ နှင့် ပတ်သက်လို့ ချိန်ညှိနိုင်ပါတယ်။

  • Remember Master Keys ကို ပိတ်ထားပါ။
  • Hide Passwords ကို ဖွင့်ထားပါ။
  • Remember Key Files ကို ပိတ်ထားပါ။

Keepassium အသုံးပြုနည်းနဲ့ ပတ်သက်ပြီး မျှဝေချင်တာ၊ တွေးမိတာ၊ ဆွေးနွေးလိုတာရှိတယ်ဆိုလည်း Comment Section မှာ စာချန်ခဲ့နိုင်ပါတယ် ။

Join the conversation
Skip to content