ဒေတာများဖျက်ခြင်း
ဒေတာတွေကို ဖျက်တဲ့အခါမှာလည်း သတိပြု ဖျက်သင့်ပါတယ်။ ဖုန်းတို့ ကွန်ပျူတာတို့ အပါအဝင် Cloud Storage တွေမှာပါ ဖိုင်တစ်ခုဟာ Delete ဒါမှမဟုတ် Trash ထဲ ထည့်လိုက်ရုံနဲ့ တစ်ခါတည်း မပျက်သွားပါဘူး။Recycle Bin တို့ Trash တို့ထဲမှာ အနည်းဆုံး ရက် ၃၀ လောက် မပျက်ပဲကျန်နေပါသေးတာကြောင့် ဖျက်တယ်ဆိုရင် နှစ်ဆင့် ဖျက်ဖို့ အရေးကြီးပါတယ်။ ဖျက်လိုက်တဲ့ ဒေတာတွေကျန်ခဲ့လား မကျန်ခဲ့လားကို သေချာစစ်ဆေးဖို့ လိုပါတယ်။ ဒေတာတွေကို ဖျက်တယ်ဆိုတာမှာလည်း Recovery Software တွေနဲ့ ပြန်ဆည်လို့ မရနိုင်အောင်ဆိုရင် File Shredder တွေကို အသုံးပြုနိုင်ပါတယ်။ Android အတွက် Shreddit ကို အသုံးပြုနိုင်ပြီး Window အတွက် ဆိုရင်တော့ File Shredder ဆိုတဲ့ Software ကို အသုံးပြုနိုင်ပါတယ်။ File Shredder တွေကို အသုံးပြုတဲ့အခါမှာ Algorithm တွေအမျိုးမျိုး ရွေးနိုင်ပြီး ဖိုင်တွေကို copy , cut , paste အကြိမ်ကြိမ်လုပ်တဲ့ ပုံစံနဲ့ ဖိုင်တွေကို ပြန်ဆည်လို့မရအောင် ဖျက်ပစ်တာ ဖြစ်ပါတယ်။