Course Content
End-To-End Encryption ကိုထောက်ပံ့ပေးသော Application များ
ဒီသင်ခန်းစာမှာတော့ End-To-Encryption ကိုထောက်ပံ့ပေးတဲ့ App တွေရဲ့ အသုံးပြုပုံကို လေ့လာရမှာဖြစ်ပါတယ်။
0/4
လုံခြုံစွာ ဆက်သွယ်ရေးစနစ်တစ်ခုကို ဖော်ဆောင်ခြင်း
0/1
2. အခြေခံ ဆက်သွယ်မှုဆိုင်ရာ လုံခြုံရေး
About Lesson

ဖုန်းနံပါတ်တွေ ဖျောက်လို့ရတော့မယ် Signal

Signal လို့ပြောလိုက်ရင် အသုံးပြုသူတိုင်း စိုးရိမ်နေတဲ့ အချက်ကတော့ ဖုန်းနံပါတ်တွေပဲ ဖြစ်ပါတယ်။ End-To-End Encryption (အပြည့်အဝ ဝှက်စာစနစ်) ပါဝင်တာကြောင့် အသုံးပြုရတာ လုံခြုံစိတ်ချရပေမယ့် အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်တွေကိုတော့ ဖျောက်လို့မရတာကြောင့်ပါ။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ Signal ဘက်ကနေ Privacy အတွက်ပြောင်းလဲမှုတွေပြုလုပ်လာပါတယ်။ Privacy Setting ထဲမှာ Phone Number ကို ဘယ်သူမှ မမြင်အောင်ပြုလုပ်လို့ရတဲ့ Setting တွေပါလာပြီး အရင်တုန်းကလို Signal ကနေ ဆက်သွယ်ဖို့ရာ ဖုန်းနံပါတ်ကိုပြောပြစရာမလိုတော့ပဲ မိမိရဲ့ Username ကိုမျှဝေနိုင်သလို QR Code ကိုမျှဝေပြီးလည်း ဆက်သွယ်မှုတွေပြုလုပ်နိုင်ပါတယ်။ 

 ဖုန်းနံပါတ် ကို အများသူတွေ မမြင်အောင်လုပ်လို့ရတယ်ဆိုပေမယ့်လည်း တစ်ဖက်လူက ကိုယ်ရဲ့ဖုန်းနံပါတ်ကို သိပြီးသား (ဒါမှမဟုတ်) သူ့ရဲ့ ဖုန်း Contact List ထဲမှာ ကိုယ့်နံပါတ်ရှိပြီးသားဆိုရင်တော့ ဖုန်းနံပါတ်ကို ဆက်မြင်နေရမှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် အကြံပြုလိုတာကတော့ ဖုန်းနံပါတ်ကို အရင်ဖျောက်ပါ။ ပြီးမှ Change Phone Number လုပ်ပြီး ဖုန်းနံပါတ် အသစ်ပြောင်းလိုက်တာကတော့ ပိုပြီး လုံခြုံစိတ်ချရနိုင်ပါတယ်လို့ အကြံပြုချင်ပါတယ်။

Signal Username သတ်မှတ်ခြင်း

Signal ရဲ့ Username ကို setup ပြုလုပ်မယ်ဆိုရင် Setting ထဲမှ profile ထဲဝင်ပြီး Username ကို @ ကနေတစ်ဆင့်  သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ 

ဖုန်းနံပါတ် ကို အများသူတွေ မမြင်နိုင်အောင်ပြင်ဆင်လိုက်ပြီဆိုတော့ ကိုယ့်ဖုန်းနံပါတ်နဲ့ ကိုယ့်ကို ရှာဖွေချိတ်ဆက်လို့မရတော့ပါဘူး။ ဒါကြောင့် တစ်ဦးဦးနဲ့ စကားစပြောမယ်၊ ကိုယ့်ကိုသူများ လာပြောနိုင်အောင် ဆောင်ရွက်ဖို့အတွက် Signal username လိုပါတယ်။

Signal တွင် Application icon ပြောင်းခြင်း

Signal တွင် Application icon များ ပြောင်းထားနိုင်ပါတယ်။

Join the conversation
Skip to content