အွန်လိုင်းပေါ်က ဆက်သွယ်ပြောဆိုမှုတွေကရော လုံခြုံရဲ့လား?
အင်တာနက် ကနေချိတ်ဆက်အသုံးပြုပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆက်သွယ်ခြင်း၊ ဖိုင်များ မျှဝေခြင်း (Sharing Files)၊ အချက်အလက် ရှာဖွေမှုများပြုလုပ်ခြင်း (Surfing the internet) စတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ Network တွေကို ချိတ်ဆက်အသုံးပြုရတာဖြစ်တဲ့အတွက် လုံခြုံရေးဟာ အရေးကြီးပါတယ်။ ဒီအဆင့်မှာလည်း မယုံကြည်ရတဲ့ Link အချို့ကို နှိပ်မိတာဖြစ်ဖြစ်၊ မယုံကြည်ရတဲ့ Network တွေကို သုံးမိတာဆိုရင်တော့ ကြားဖြတ်ပြီး ဒေတာတွေကို ရယူခံရနိုင်ပါတယ်။ ဒါကြောင့် မယုံကြည်ရတဲ့ Link တွေကိုမနှိပ်မိဖို့ သိပ်အရေးကြီးပါတယ်။ နောက်တစ်ခုဆွေးနွေးစရာရှိတာက ဆက်သွယ်ရေး အတွက် လူအများစု နေ့စဉ်အသုံးပြုနေရတဲ့ Application (ဥပမာ – Gmail၊ Protonmail၊ Flowcrypt၊ Facebook၊ Instagram၊ Viber၊ WeChat၊ Whatsapp၊ Signal၊ Telegram) တို့ကရော ဘယ်လောက်လုံခြုံလဲ? ဒီ Application တွေသုံးခြင်းဖြင့် သုံးစွဲတဲ့သူ (User) အနေနဲ့ ဘယ် ဒေတာတွေကိုပေးနေရလဲ..အဲ့ဒီဒေတာတွေကို တစ်ခြားကုမ္ပဏီတွေကို ရောင်းချထားသလား (သို့မဟုတ်) ဘယ်လောက်ထိ မျှဝေအသုံးပြုနေလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ App တွေမှာ End-to-End Encryption လို့ခေါ်တဲ့ အပြည့်အဝ ဝှက်စာစနစ်ကိုထောက်ပံ့ပေးရဲ့လားဆိုတာတွေကို သိထားဖို့လိုပါတယ်။ အဲ့ဒါကြောင့် Online Communication မှာရော Offline Communication မှာရော လုံခြုံမှုရှိစေရန် သတိပြုဖိုလိုပါတယ်။
ဘယ် application တွေက လုံခြုံလဲ မလုံခြုံလဲ ဆိုတာကို နောက်ပိုင်း သင်ခန်းစာတွေမှာ အကျယ် ဆွေးနွေးထားမှာပါ၊ ကိုယ်တွေးမိတာတွေ၊ သိချင်တာတွေရှိတယ်ဆိုရင်တော့ comment ချန်ထားခဲ့နိုင်ပါတယ်။