Course Content
End-To-End Encryption ကိုထောက်ပံ့ပေးသော Application များ
ဒီသင်ခန်းစာမှာတော့ End-To-Encryption ကိုထောက်ပံ့ပေးတဲ့ App တွေရဲ့ အသုံးပြုပုံကို လေ့လာရမှာဖြစ်ပါတယ်။
0/4
လုံခြုံစွာ ဆက်သွယ်ရေးစနစ်တစ်ခုကို ဖော်ဆောင်ခြင်း
0/1
2. အခြေခံ ဆက်သွယ်မှုဆိုင်ရာ လုံခြုံရေး
About Lesson

Email နှင့်ဝှက်စာစနစ်

လူတစ်ဦးတစ်ယောက် ရဲ့ အင်တာနက်ပေါ်က ဆက်သွယ်ပြောဆိုမှုတွေတိုင်းမှာ အသုံးပြုတဲ့ ပလက်ဖောင်းပေါ်မှုတည်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပေးနေရပါတယ်။ နေ့စဉ် လူသုံးများတာကတော့ Mail Service တွေပဲဖြစ်ပါတယ်။ Mail Service တွေမှာမှ Google ကထုတ်တဲ့ Mail ကိုအသုံးပြုရင်တော့ Gmail, Yahool ကုမ္ပဏီက ထုတ်တဲ့ Mail Service ဆိုရင်တော့ Yahool Mail စသဖြင့် ထုတ်တဲ့ ကုမ္ပဏီတွေပေါမှုတည်ပြီးရှိပါတယ်။ အများစုကတော့ Gmail ကိုအသုံးပြုလျက်ရှိပါတယ်။ ဉပမာ သင်က Mail Service တစ်ခုကိုသုံးတယ်ဆိုပါစို့။ သင်အသုံးပြုတဲ့ Service ပေါ်မှုတည်ပြီး သင်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကုမွဏီတွေကို ဝေမျှရယူသုံးစွဲတာမျိုးတွေရှိနေနိုင်ပါတယ်။

သင်က Google ကုမ္ပဏီ ကပိုင်ဆိုင်တဲ့ Gmail ကိုအသုံးပြုပြီး လူတစ်ယောက်ကိုစပြီးဆက်သွယ်မယ်။ ပြီးတော့ သင့်ရဲ့ Gmail အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Google Playstore ကနေ App တွေကို Download ဆွဲမယ်၊ နေ့လည်ဘက် သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့ နေရာလေးသွားဖို့ Google Map ကနေလမ်းညွှန်မှုရယူမယ်၊ ဒါတင်တွေမကပဲ ဖျော်ဖြေရေးအတွက် ညဘက်လေးမှာ Google အကောင့်ဝင်ပြီးသားဖြစ်တဲ့ YouTube မှာ Video လေးတွေကြည့်မယ်၊ ဘာပဲလိုလို Google ရှိတယ်ဆိုတဲ့အတိုင်း အလုပ်ကိစ္စတွေ ကျောင်းကိစ္စတွေအတွက် မဖြစ်မနေ သိချင်တာတွေကို  Google Chrome ကနေရှာမယ်၊ ထပ်ပြီးတော့ Google Drive ပေါ်မှာ အလုပ်အတွက် Docs တွေ Sheet တွေ ထပ်လုပ်မယ်ဆိုပါစို့။ ဒါဆိုရင်တော့ Gmail အကောင့်တစ်ခု johnstone11@gmail.com အကောင့်ကို လူတစ်ယောက် (သို့) ဒစ်ဂျစ်တယ် ID တစ်ခုအနေနဲ့ သတ်မှတ်မယ်ဆိုရင် John Stone အကောင့်ရဲ့ ချိတ်ဆက်မှု/ရှာဖွေမှု တွေကို Google ကုမ္ပဏီကြီးကသိပြီပေါ့။ အဲ့ဒါတွေအားလုံးက သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပဲဖြစ်ပါတယ်။ သင်တစ်နေ့နေ့ ဘာတွေရှာနေလဲ၊ ဘယ်သွားနေလဲ၊ ဘာတွေကြည့်နေလဲ စတာတွေကို Google ကသိတဲ့အပြင် Google Ads လို့ခေါ်တဲ့ ကြေငြာလေးပါပြပေးဦးမှာပါ။ အဲ့တော့ သင့်ရဲ့ အချက်အလက် ဒေတာတွေက သင်အသုံးပြုတဲ့ ပလက်ဖောင်းတွေအပြင် အခြားသူတွေနဲ့ပါ မျှဝေသုံးစွဲခြင်းခံနေရပါတယ်။

Skip to content