Course Content
End-To-End Encryption ကိုထောက်ပံ့ပေးသော Application များ
ဒီသင်ခန်းစာမှာတော့ End-To-Encryption ကိုထောက်ပံ့ပေးတဲ့ App တွေရဲ့ အသုံးပြုပုံကို လေ့လာရမှာဖြစ်ပါတယ်။
0/4
လုံခြုံစွာ ဆက်သွယ်ရေးစနစ်တစ်ခုကို ဖော်ဆောင်ခြင်း
0/1
2. အခြေခံ ဆက်သွယ်မှုဆိုင်ရာ လုံခြုံရေး
About Lesson

နေ့စဉ်နဲ့အမျှ အွန်လိုင်းကနေ App မျိုးစုံကိုသုံးပြီး ဆက်သွယ်မှုတွေ ပြုလုပ်ရတဲ့သူတွေအနေနဲ့ Communication Security Protocal ကိုသိထားသင့်ပါတယ်။ Communication Security Protocol ဆိုတာကတော့ လုံခြုံတဲ့ ဆက်သွယ်ဆက်သွယ်ရေးစနစ်ကို ဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ Concept အပိုင်းပဲဖြစ်ပါတယ်။ ဝှက်စာစနစ် အပြည့်အဝပါဝင်တဲ့ App တွေပဲသုံးတယ်ဆိုရင်တောင် ဒီအပိုင်းလေးကိုလည်း လက်လွှတ်လို့လုံးဝမရတဲ့အထဲမှာပါပါတယ်။ 

 

အင်တာနက် အလုပ်လုပ်ပုံ၊ မိုဘိုင်းဖုန်းတွေရဲ့ အလုပ်လုပ်ပုံကို ပထမသင်ခန်းစာမှာ သင်ခဲ့ပြီးပြီဆိုတော့ သေချာတာတော့ အင်တာနက်အလုပ်လုပ်ပုံအရရော မိုဘိုင်းဖုန်းအလုပ်လုပ်ပုံအရရော အတိုင်းအတာ တစ်ခုအထိ မလုံခြုံတဲ့အတွက် ဘယ်အခြေအနေမှာ ဘယ်သူ့ကို ဘယ်လို နည်းလမ်းနဲ့ ဆက်သွယ်မလဲဆိုတာ ကောင်းကောင်းပိုင်းခြားသိဖို့လိုပါတယ်။ လူပုဂ္ဂိုလ်တစ်ယောက်ကို စပြီးဆက်သွယ်မယ်ဆိုရင် ဒီအချက် (၅)ချက်ကို စပြီးစဉ်းစားဖို့လိုအပ်ပါတယ်။

ပထမဆုံးစဉ်းစားရမယ့်အချက်ကတော့ _ 

1. ဘယ်သူ့ကိုဆက်သွယ်မှာလဲ၊ ဘယ်ကြားခံနယ်သုံးပြီးဆက်သွယ်မှာလဲ?

2. ဘာအကြောင်းအရာပြောမှာလဲ၊ ထိရှလွယ်မှု ဘယ်လောက်ရှိလဲ?

3. နောက်ဆုံးတစ်ခုကတော့ ဘယ်နည်းလမ်းကို သုံးမှာလဲဆိုတဲ့ လုပ်ငန်းစဉ်ချမှတ်ပါ။

  Protocol တစ်နည်းအားဖြင့်  လုပ်ငန်းစဉ်ကို  စဉ်းစားပါ။ ဒီလူကိုဆိုရင်‌တော့ ဒီနည်းလမ်းနဲ့ ဆက်သွယ်မှရမယ်ဆိုတဲ့ Protocol တစ်ခုကိုဆုံးဖြတ်ပါ။

Join the conversation
Skip to content