Course Content
End-To-End Encryption ကိုထောက်ပံ့ပေးသော Application များ
ဒီသင်ခန်းစာမှာတော့ End-To-Encryption ကိုထောက်ပံ့ပေးတဲ့ App တွေရဲ့ အသုံးပြုပုံကို လေ့လာရမှာဖြစ်ပါတယ်။
0/4
လုံခြုံစွာ ဆက်သွယ်ရေးစနစ်တစ်ခုကို ဖော်ဆောင်ခြင်း
0/1
2. အခြေခံ ဆက်သွယ်မှုဆိုင်ရာ လုံခြုံရေး
About Lesson

တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုက သင့်ရဲ့ဖုန်းခေါ်သံတွေ ကြားဖြတ်နားထောင်နေနိုင်လား?

ဒီလိုရိုးရိုးဖုန်းခေါ်ဆိုတာ (သို့) စာတိုပေးပို့တာက (Text Message) တကယ်ရော လုံခြုံရဲ့လားဆိုတာ စဉ်းစားစရာ မေးခွန်းတစ်ခုပါ။ တကယ်တော့ လူတော်တော်များများ ထင်မြင်ယူဆတာကတော့  ဖုန်းခေါ်ဆိုမှု (သို့) ရိုးရိုး မက်ဆေ့(ချ်) ပေးပို့တာတွေက လုံခြုံတယ်။ ကိုယ်ပြောတာတွေကို ဘယ်သူမှ မကြားရနိုင်ဘူး Private  ဖြစ်တယ်လို့ယူဆနေတာပါ။ တကယ်တမ်းတော့ ဆက်သွယ်ရေး ကုမ္ပဏီ (သို့) အော်ပရေတာတွေကနေ လူတိုင်းရဲ့ ဖုန်းခေါ်သံတွေကို တိုက်ရိုက်နားထောင်နိုင်သလို၊ ခေါ်ပြီးသား ဖုန်းခေါ်မှုတွေ Call Logs (ဖုန်းခေါ်မှုမှတ်တမ်း) တွေကိုလည်း ပြန်လို့ရနို်င်သလို၊ သမရိုးကျ မက်ဆေ့(ချ်) ပေးပို့ခြင်းတွေကိုလည်း တိုက်ရိုက် ဖတ်ရှုနိုင်တာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဖုန်းလိုင်းတွေနဲ့ ဆက်သွယ်ရတဲ့ ပြောဆိုဆက်သွယ်မှုတွေမှာ Encryption ဆိုတဲ့ ဝှက်စာစနစ်မပါလို့ပဲဖြစ်ပါတယ်။ (Encrytpion နဲ့ပက်သက်ပြီးလည်း အသေးစိတ်ဆွေးနွေးပေးပါဦးမယ်။)

တစ်ချို့နိုင်ငံတွေမှာဆိုရင် ဆက်သွယ်ရေးကုမ္ပဏီတွေက သူတို့ Service ကိုအသုံးပြုနေတဲ့ အသုံးပြုနေသူ (User) တွေရဲ့ ဒေတာတွေကို အချိန်ကာလတစ်ခုအထိ သိမ်းထားမယ်ဆိုတဲ့ ဥပဒေတွေနဲ့ သဘောတူထားရတာမျိုးရှိပါတယ်။ ဥပမာ သင်ရဲ့ ဖုန်းခေါ်ဆိုမှု..Text Message ပေးပို့မှုတွေနဲ့အတူ ဖုန်းခေါ်ဆိုမှုမှတ်တမ်း တွေကို (၆)လကနေ (၃)နှစ်အထိ သိမ်းထားဖို့ သဘောတူထားရတာမျိုးပါ။ ဒါကတော့ နိုင်ငံပေါ်မူတည်ပြီး အစိုးရနဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြားက ထားရှိတဲ့ ဥပဒေ ပေါ်မှုတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။  နောက်တစ်ခုကတော့ SIM Cloning  (ဆင်းကဒ်ပွား)ခြင်း ပြသနာပဲဖြစ်ပါတယ်။ သင့် ဆင်းကဒ် အပွားခံထားရရင်လည်း သင့်ရဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့(ချ်)ပေးပို့မှုတွေကို သိနေနိုင်ပါတယ်။ အဲ့တော့ ဆင်းကဒ်ပွားတယ်ဆိုတဲ့ ကိစ္စရပ်ကို ဘယ်သူတွေလုပ်နိုင်လဲဆိုတော့ အာဏရှိသူတွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ နည်းပညာကျွမ်းကျင်တဲ့သူတွေလုပ်နို်င်ပါတယ်။ နည်းပညာ Tools တစ်ချို့ကို အသုံးပြုရတာမို့ အင်မတန်မှ လွယ်ကူရိုးရှင်းစွာ လုပ်နိုင်တဲ့ ကိစ္စရပ်မျိုးတော့မဟုတ်ပါဘူး။ အန္တာရာယ်ရှိတာ တစ်ခုက သင့်ရဲ့ SIM အပွားခံထားရရှိ/မရှိ ဆိုတာကလည်း ဘယ်လိုမှ မသိနိုင်သလို၊ သင့်ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်နေခြင်းရှိ/မရှိကို မသိနိုင်တဲ့အတွက်  ပိုပြီးသတိထားရမှာပါ။

ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက Comment Session တွင် ရေးသားခဲ့နိုင်ပါတယ်။

Join the conversation
Skip to content