အကြံပြုချက်များ နှင့် အနှစ်ချုပ်
KeepassXC နှင့် KeepassDX သည် MacOS ဖြစ်ဖြစ်၊ Windows ဖြစ်ဖြစ်၊ Linux ဖြစ်ဖြစ် Operating System မျိုးစုံမှာ အလုပ်လုပ်နိုင်တဲ့ cross platform ဖြစ်တဲ့အတွက် Database ကို ကိုယ့်ရဲ့ အခြား မတူညီသော Platform များအသုံးပြုထားတဲ့ စက်ပစ္စည်းတွေမှာ share ပြီး အသုံးပြုလို့ရပါတယ်။ (ဥပမာ – ကိုယ့်ရဲ့ Android ဖုန်း နဲ့ ကိုယ့် ရဲ့ Windows တင်ထားတဲ့ ကွန်ပြူတာလပ်တော့ နှစ်ခုလုံး)
အင်တာနက်မလိုပဲ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် ကိုယ်တည်ဆောက်ထားတဲ့ database file ကို ကိုယ်ရဲ့ Hard drive တွေ နဲ့ cloud storage ပေါ်များမှာ တင်ထားလို့ရပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ Password တွေ အရေးကြီးအချက်အလက်တွေ သိုမှီးထားတဲ့ database file ကို ခရီးဆောင်အိတ်သဘောမျိုးနဲ့ သယ်ယူအသုံးပြုသင့်ပါသည်။
KeepassXC နဲ့ KeepassDX တို့ဟာ Database ဖိုင်ကို ဖန်တီးဖို့နဲ့ အဖွင့်အပိတ် ဆောင်ရွက်ဖို့ အတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရေးပေါ်အခြေအနေမှာ Application ကိုပါ ဖျက်ထားလို့ရနိုင်ပါတယ် ။ အဆင်ပြေတဲ့အချိန်မှာ Keepass တစ်ခုခုနဲ့ ကိုယ့်ရဲ့ Database ကို ပြန်ဖွင့်လို့ ပြန်သုံးလို့ ရနေဦးမှာဖြစ်ပါတယ်။
Database ဖိုင်ဟာ ကိုယ့်ရဲ့ devices တွေပေါ်မှာရှိနေရင် ကိုယ် update လုပ်လိုက်တဲ့ database ဖိုင်က ကိုယ်ရဲ့အခြား device ပေါ်မှာ update ဖြစ်သွားမှာ မဟုတ်ပါဘူး ။
Skip to content
We use cookies to ensure that we give you the best experience on our website. If you continue to use this site we will assume that you are happy with it. Ok No Privacy policy