မိတ်ဆက်
ပထမဦးစွာ အင်တာနက် ပေါ်မှ ချိတ်ဆက်မှုများက ၁၀၀% ရာနှုန်းပြည့် လုံခြုံမှု မရှိသည်ကို နားလည်ထားရမှာဖြစ်ပါတယ်။ ဒီ သင်ခန်းစာ ထဲမှာတော့ တစ်ဦးချင်းစီ အနေနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ် ခြိမ်းခြောက်မှုတွေကို အဓိက သုံးသပ်ဖော်ထုတ်သွားရမှာ ဖြစ်လို့ စိတ်မချမ်းမြေ့ဖွယ်ရာတွေပါနိုင်ပါတယ်၊ ကိုယ်မေ့ထားချင်တဲ့ ကိစ္စတွေ တွေးရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသုံးသပ်ချက်အပေါ်မှုတည်ပြီး အန္တရာယ်များအတွက် ပြင်ဆင်၍ မိမိ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင် နှင့် ကွန်ရက်တို့မှာ လျော်ညီသော ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်မှာဖြစ်ပါတယ်၊ နောက်ဆက်တွဲအနေဖြင့် သင့်လျော်သော အစီအမံများ (proper configuration) ကြိုတင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့် ရဲ့ အန္တရာယ် ကို မေ့ထားချင်တယ်၊ မတွေးချင်သေးဘူးဆိုရင် တော့ဘာပြင်ဆင်မှုလုပ်လို့ရမှာမဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းဟာ နေရာ ၊ ဒေသ ၊ လူနေမှု၊ ခံယူချက် စိတ်သဘောထားပေါ်မူတည်၍ အန္တရာယ်ကြုံတွေ့ ရနိုင်ပုံ ၊ ခံစားရနိုင်ပုံနှင့် ထိရှလွယ်မှုတွေဟာ တူညီနိုင်မှာမဟုတ်ပါဘူး ။ မိမိကိုယ်တိုင်ရဲ့ဖြစ်တည်မှု နဲ့ ခံယူချက်ပေါ်မူတည်ပြီးတော့ ထိရှလွယ်မှု အတိုင်းအတာ ကွာခြားနိုင်ပါတယ်။ အထူးသဖြင့် မိမိကိုယ်တိုင်က အမျိုးသမီး သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှု ကွဲပြားသူ အစရှိသူဖြစ်နေတယ်ဆိုရင် ပိုမိုပြီး ထိရှလွယ်နိုင်တဲ့အခြေအနေမှာ ရှိနိုင်ပါတယ်။
အသိပေးချက်။ ။ ယခု သင်ခန်းစာတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အယူအဆလမ်းညွှန်များ၊ ဝေါဟာရများအပြင် လက်ရှိ မြေပြင်အနေအထား၊ အခြေအနေတို့ကို အမှီပြုဖန်တီးထားပြီး လက်တွေ့အသုံးဝင်ရန်သာ ဖန်တီးထားခြင်းဖြစ်ပါတယ်။