ဆက်သွယ်ရေးဆိုတာက ဘာလဲ?
ဆက်သွယ်ရေး (Communication) ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ဆက်သွယ်မှုတွေကိုဆိုလိုတာပါ။ ဖုန်းတွေ အင်တာနက်တွေ မရှိခင်တုန်းက တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ရန် အများသုံးဖုန်း (သို့) Fax တွေကနေ ချိတ်ဆက်ကြသလို စာတိုက်ကနေတစ်ဆင့် စာပေးပို့ပြီးလည်း ဆက်သွယ်ကြတာကို တွေ့ရပါတယ်။ အပြင်မှာ လူချင်း တွေ့ဆုံဆက်သွယ်မှုတွေလည်းရှိပါတယ်။ ဖုန်းတွေရှိလာတဲ့ အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းကနေ ဆက်သွယ်ကြတယ်၊ မက်ဆေ့(ချ်) ပေးပို့မှုတွေကို ပြုလုပ်ကြပါတယ်။ အင်တာနက်နဲ့ မချိတ်ဆက်ပဲ ရိုးရိုးဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့(ချ်) ပေးပို့ခြင်းတွေက Offline Communication တွေပဲဖြစ်ပါတယ်။ အင်တာနက်ရရှိလာတဲ့ အခါမှာတော့ Online Communication တွေကိုသုံးလာကြပါတယ်။ အင်တာနက်ကို အသုံးပြုပြီး ဆက်သွယ်နိုင်တဲ့ ပလက်ဖောင်းတွေ ဖြစ်တဲ့ Gmail, Email, Gtalk, Facebook, Telegram, Viber အစရှိတဲ့ Platfrom တွေကနေ ချိတ်ဆက်ပြီး ဆက်သွယ်ကြပါတယ်။ Communication ခြုံငုံကြည့်ရင် အင်တာနက်ပေါ်မှ သော်လည်းကောင်း၊ အင်တာနက်မချိတ်ဆက်ပဲနဲ့သော်လည်းကောင်း လူတစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက် ဆက်သွယ်မှုကို ဆိုလိုတာပါ။