Viber ကပြောတဲ့ Security ပိုင်းဆိုင်ရာ
- End-to-End Encryption by Default
ပထမဦးဆုံးအချက်အနေကတော့ Encryption (ဝှက်စာစနစ်) ပါ။ User တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပေးပို့မှုတွေက User နှစ်ယောက်ကြားမှာပဲရှိပြီး Viber ကနေ မဖတ်ဘူး၊ မကြည့်ဘူးဆိုတဲ့ အနေအထားပါ။ Default ပါပြီးသားဖြစ်တဲ့အတွက် ထွေထွေထူးထူးချိန်ညှိစရာမလိုပဲ သုံးနိုင်မှာဖြစ်ပါတယ်။
- Disappearing Message
ဒုတိယတစ်ခုကတော့ အချိန်ကာလတစ်ခုသတ်မှတ်ပြီး Message ကိုအလိုအလျောက် ပျက်အောင် လုပ်ပေးထားတဲ့ သဘောပါ။ ၁၀ စက္ကန့်ကနေ − (၁)ရက်တိတိ အချိန်သတ်မှတ်ထားနိုင်ပါတယ်။
- Delete and Message for All
ဒီတစ်ချက်ကတော့ အချိန်မရွေးကိုယ်ပေးပို့တဲ့ Message တွေကို ပြင်ဆင်လို့ရနိုင်သလို၊ တစ်ဖက်လူမြင်ပြီးသား Message တွေဖြစ်နေရင်တောင် ကိုယ့်ဘက်က ဖျက်ပစ်လိုက်တာနဲ့ ပျက်သွားမယ်ဆိုတဲ့သဘောပါ။
- Hide Chat
ဒါကတော့ တစ်ယောက်ချင်းစီမှာပဲ ဖြစ်စေ၊ Group လိုက်တွေမှာပဲဖြစ်စေ PIN နံပါတ်ပေးပြီး ဖျောက်ထားနိုင်တဲ့ သဘောပါ။ ဖျောက်ထားတဲ့ လူ (သို့) Group တွေကိုပြန်ရှာတဲ့အခါမှာလည်း နာမည်ရိုက်ထည့်ပြီးရှာစရာမလိုပဲ ကိုယ်ပေးထားတဲ့ PIN နံပါတ်ကို ရိုက်ထည့်ပြီးရှာနိုင်ပါတယ်။
- Under the radar
ဒါကတော့ ကိုယ် အွန်လိုင်းပေါ်ရှိခြင်း/ မရှိခြင်းကစလို့ Message Seen ဖြစ်ခြင်း/မဖြစ်ခြင်းကို မမြင်ရအောင် ပြုလုပ်နိုင်တဲ့အတွက် Control အကုန်လုံးကို User ကိုပေးထားတယ်ကို ဆိုပါတယ်။
Viber ကိုပေးနေရတဲ့ ဒေတာတွေက ဘာတွေဖြစ်မလဲ၊ ဘယ်ဒေတာတွေကို Viber ကသိမ်းဆည်းထားလဲ
- Viber ကိုအသုံးပြုခြင်းအားဖြင့်တော့ မဖြစ်မနေ ပေးရမယ့် အချက်က ဖုန်းနံပါတ်သာ ဖြစ်ပေမယ့် နောက်ပိုင်း Viber ဖွင့်ရင် Gmail အကောင့်တွေနဲ့ပါ ချိတ်ဆက်လာတာကို တွေ့ရပါတယ်။ အကောင့်ကို Register စလုပ်တဲ့အချိန်မှာပေးပို့ခဲ့တဲ့ Personal Data တွေအားလုံးကိုသိမ်းထားခြင်းခံရပါတယ်။ တစ်ချို့သော Data တွေက App Service အတွက် မရှိမဖြစ်လိုအပ်လို့တောင်းတဲ့ဟာတွေပါပါတယ် (ဉပမာ ဖုန်းနံပါတ်)/ ဒါပေမယ့် တစ်ခြားသော ဒေတာတွေကိုလည်း သိမ်းဆည်းထားပါတယ်။ သူတို့သိမ်းဆည်းတဲ့ ဒေတာ ထဲမှာဘာတွေပါဝင်နေလဲဆိုရင်တော့ ဖုန်းနံပါတ်၊ Email Adress၊ သင့် ဓါတ်ပုံ၊ Account Login Details ( ဉပမာ Username, သင် သတ်မှတ်ခဲ့တဲ့ Password Security PIN-code တွေပါပါဝင်ပါတယ်။ ပြီးတော့ သ Phone Address Book ထဲမှာမှ သင့်ရဲ့ အရင်းအနှီးဆုံးသူတွေကရဲ့ ဖုန်းနံပါတ် Contact lists ကိုယူပါတယ်။
- နောက်ထပ်သင် ခွင့်ပြုဦးမယ်ဆိုရင် IP Address, GPS Location တွေကိုပါရယူပါတယ်။ နောက်ထပ်တစ်ခုကတော့ ကြေငြာတွေပါ။ Viber က Group က အယောက် ၂၅၀ သာ Join လို့ရပေမယ့် Community နဲ့ Channel က အရေအတွက်မကန့်သတ်ထားတာမို့ 1 Billion လောက်ထိ Join နို်င်လို့သိထားရပါမယ်။ Viber မှာအကောင့်တစ်ခု ဖွင့်လိုက်ရုံနဲ့ကို ကိုယ်မသိသော Group များ Channel ထဲသို့ အလိုအလျောက်ရောက်နေခြင်းက တစ်ခြားကြောင့်မဟုတ်ပါဘူး။ အသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်က တစ်နည်းတစ်ဖုံ တစ်ခြား Third Party Company တွေဆီမှာ ရောင်းချခံနေရခြင်းကြောင့်ဖြစ်ပါတယ်။ Channel တွေမှာ အသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်ကို ဖျောက်ထားပေးမယ်ဆိုပေမယ့် ကိုယ်က ဖုန်းနံပါတ်ပြောင်းသုံးရင်တောင် တစ်ခြားသူတွေကို ဒီလူကတော့ ဖုန်းနံပါတ်ပြောင်းသွားပါပြီ ဆိုပြီး Notification တက်ဦးမှာပါ။
အဲ့လို Viber Service ကိုသုံးရင် မဖြစ်မနေပေးရမယ့် ဒေတာတွေသာပေးပြီး အခြား ဒေတာတွေကို မပေးဖို့ Privacy နဲ့ Security Setting ထဲမှာ ဝင်ရောက် ချိန်ညှိရမှာ ဖြစ်ပါတယ်။
Viber တွင် ချိန်ညှိထားသင့်သော Setting များ
Backup ပြုလုပ်ခြင်း
- Setting ထဲကိုဝင်ပါ။
- Account ထဲကိုဝင်လိုက်တာနဲ့ Viber backup လုပ်ထားနိုင်ပါသည်။
Viber အကောင့်များသည် Uninstalled လုပ်ပြီး ပြန် installed လုပ်လိုက်တာနဲ့ အရင်တုန်းက သုံးခဲ့အတိုင်းပြန်ရနိုင်တာမို့ Backup ကသိပ်အရေးမကြီးပါ။
Change Phone Number (ဖုန်းနံပါတ်ပြောင်းခြင်း)
လုံခြုံရေးအရ တော်တော်လေး အားနည်းသည့်အပိုင်းဟုဆိုနိုင်ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် သင့်လက်ရှိဖုန်းနံပါတ်ကို ပြောင်းမည်ဆိုပါက ပြောင်းလို့ရပါသည်။
- Setting ကိုဝင်ပါ။
- Account ကိုသွားပါ။
- Change Phone Number ကိုနှိပ်ပါ။
- Continue ကိုနှိပ်ပါ။
- လက်ရှိ အသုံးပြုနေသော ဖုန်းနံပါတ်ကို ဖြည့်ပါ။
- အသစ်ပြောင်းလိုသော ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။
- အသစ်ဖုန်းနံပါတ်သို့ ရောက်ရှိလာသော Code (6) လုံးကို ရိုက်ထည့်၍ ဖုန်းနံပါတ်ပြောင်းနိုင်ပါသည်။
Deactivation Account (အကောင့်ပိတ်ခြင်း)
- Deactivate လုပ်ခြင်းက အကောင့်ပိတ်လိုက်တဲ့ သဘောမျိုးပဲဖြစ်ပါတယ်။
- အဲ့ဒီတော့ Deactivate လုပ်လိုက်တဲ့အတွက် Viber က အကောင့်ကို Registration လုပ်ခဲ့တုန်းက ပေးခဲ့တဲ့ Data တွေကိုဖျက်ပေးမယ် Join ခဲ့ Community တွေကိုလည်း ဖျက်ပေးမယ်လို့ဆိုပေမယ့် သူရဲ့ Data Retention Policy ( ဒေတာထိန်းသိမ်းခြင်း ပေါ်လစီ) အရ ၁၀နှစ်သိမ်းထားဖို့ပါတယ်..
- ခေါ်ဆိုဆက်သွယ်မှု မှတ်တမ်းတွေကိုတော့ (၂)နှစ်သိမ်းထားပြီး၊ ပေးပိုခဲ့တဲ့ Message တွေကိုတော့ Deactivate လုပ်ပြီး (၁၄) ရက်ကြာတဲ့အချိန်မှ စတင်ဖျက်တယ်လို့ဆိုပါတယ်။
Privacy Setting အားနားလည်ခြင်းနှင့် ချိန်ညှိခြင်း
Personal Data Setting အားချိန်ညှိခြင်း
Calls and Messages အားချိန်ညှိခြင်း