Twitter ကတော့ တစ်ခြား ဆိုရှယ်မီဒီယာတွေနဲ့ မတူပဲ တစ်မှုထူးခြားတဲ့ Social Networking Platform တစ်ခုဆိုလည်းမမှားပါဘူး။ Twitter (တွစ်တာ) လို Platform မျိုးဟာ နိုင်ငံရေးအရ ဖိနှိပ်ခံနေရတဲ့နိုင်ငံတွေတော်တော်များများ အတွက် ပြင်ပကမ္ဘာကို ဆက်သွယ်နိုင်ဖို့ အားကိုးရတဲ့ ပလက်ဖောင်းတွေတစ်ခုလည်းဖြစ်သလို လူတိုင်းကို လွှတ်လပ်စွာ ချိတ်ဆက်နို်င်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ Twitter ကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လို့ Forbes က သတ်မှတ်ထားတဲ့ Elon Musk (အီလွန်မာ့စ်) ကဝယ်ယူထားမှုကြောင့် ဝေဖန်ပြောဆိုမှုများစွာကိုလည်း ခံနေရတာဖြစ်ပါတယ်။ Elon Musk ကြီးက Twitter ကို မဝယ်ခင်ကတော့ Freedom of Expression လို့ခေါ်တဲ့ လွှတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို အသားပေးပြီး Twitter မှာလုပ်သင့်ကြောင်းနဲ့ Twitter ရဲ့ Soucre Code တွေကို Open Source ဖြစ်ဖို့ ခဏခဏ ပြောဆိုတာတွေကို ၂၀၂၂ အစောပိုင်းက တွေ့ရပေမယ့် ဝယ်ယူပြီးနောက်ပိုင်းမှာတော့ အသံတိတ်နေတာကိုတွေ့ရမှာပါ။ Twitter ရဲ့ နောက်တစ်ခု ထူးခြားချက်က Facebook မှာ Bule Mark ရသလိုပဲ Twitter မှာလည်း Twitter Blue ဆိုပြီးတော့ရှိပါတယ်။
Twitter ကအခမဲ့ မဟုတ်တော့ တဲ့အခါ….
အဲ့ဒါကတော့ Twitter ရဲ့ Verification လို့ခေါ်တဲ့ အတည်ပြုပေးတဲ့ လုပ်ငန်းစဉ်ပါ။ Twitter မှာ Twitter Blue ရတဲ့သူတစ်ယောက်က စီးပွားရေးသမား Twitter Platform ကိုသုံးပြီး သူ့ထုတ်ကုန်တွေကို အရောင်းမြှင့်တင်တဲ့အခါမှာ တကယ့် အပြင်ဘက်က Document (ထောက်ခံချက်) တွေနဲ့ အလုပ်လုပ်ပါတယ်။ သဘောက Twitter Blue ရတဲ့ သူတွေအနေနဲ့ Blue ဖြစ်ရခြင်းအပေါ်မှာ တာဝန်ယူမှု/ တာဝန်ခံမှု အပြည့်ရှိမှလုပ်နို်င်တာဖြစ်ပါတယ်။ ဒါပေမယ့် Elon Musk ဝယ်ပြီးနောက်ပိုင်းမှာတော့ Twitter Blue ဆိုပြီးတော့ Blue Mark ကို လစဥ်ကြေးနဲ့ ၈ဒေါ်လာနဲ့ ရောင်းစားမယ့် အစီအစဥ်ဖြစ်ပါတယ်။ နောက်စဥ်းစားချက်တစ်ခုက Everything App ပေါ့နော်။ အဲ့ဒီ Application ကိုအသုံးပြုပြီး နေ့တဓူဝ လုပ်စရာတွေ အကုန်လုံးကို လုပ်ဆောင်လို့ရမယ့် App။ အီလွန်မာ့စ် က Twitter ကို Everything App တည်ဆောက်ရာမှာ ကုန်ကြမ်းအနေနဲ့ အသုံးပြုချင်တဲ့ သဘောပါ။ အရင်တုန်းက 100% အခမဲ့အသုံးပြုလို့ရတဲ့ ပလက်ဖောင်းက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် လက်ထဲမှာတော့ တော်တော်လေး စဉ်းစားစရာနဲ့ ဝေဖန်မှုတွေ မြင့်တက်နေဆဲဖြစ်သလို Direct Message (တိုက်ရိုက် မက်ဆေ့(ချ်)) ပေးပို့ခြင်းမှာတော့ Encryption ထောက်ပံ့ပေးတယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ..App တစ်ခုသုံးတိုင်းသုံးတိုင်းမှာတော့ မဖြစ်မနေပေးရမယ့် အချက်အလက်တွေကလွှဲပြီး အခြား အချက်အလက်တွေ မပေးမိစေဖို့ Setting and Privacy တွေဝင်ရောက် လေ့လာ ချိန်ညှိမှုတွေ ပြုလုပ်သင့်ပါတယ်။
ကိုယ့်ရဲ့ Twitter အကောင့်ကို လုံခြုံအောင် ဘယ်လိုလုပ်မလဲ?
ကိုယ့်ရဲ့ Twitter အကောင့်ကို လုံခြုံအောင် လုပ်ဖို့က အဓိကတဲ့ အချက် နှစ်ချက်ပဲရှိပါတယ်။
- ပထမဆုံးအချက် ကတော့ အခြေခံအကျဆုံးအချက်ဖြစ်တဲ့ ခိုင်မာတဲ့ Password ထားဖို့ပဲဖြစ်ပါတယ် Password တစ်လုံးတည်းနဲ့ အကောင့်အများကြီး သုံးတာမျိုးကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
- ဒုတိယအချက်ကတော့ Two-Factor Authentication (နှစ်ဆင့်ခံလုံခြုံရေး) ထားဖို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ အသေးစိတ်အချက်အလက်လေးတွေကို အောက်မှာပုံနှင့်တကွရှင်းပြ ပေးထားပါတယ်။
Twitter Password ကိုဘယ်လိုပြောင်းမလဲ?
Password ဆိုတာ ပုံမှန်အားဖြင့်တော့ (၆)လ တစ်ကြိမ်ပြောင်းလဲပေးသင့်ပါတယ်။ ကိုယ့်အကောင့် အခိုးခံရတယ် Hack ခံရပြီဆိုတဲ့ သံသယ ရှိပြီဆိုတာနဲ့ Password ကို အလျင်အမြန် ပြောင်းသင့်ပါတယ်။
Twitter မှာ နှစ်ဆင့်ခံလုံခြုံရေး ဘယ်လိုတိုးမြှင့်မလဲ?
နှစ်ဆင့်ခံလုံခြုံရေးကတော့ အကောင့်တိုင်းမှာ ထားဖို့အရေးကြီးပါတယ်။ Two Factor Authentication ထားတဲ့အခါမှာလည်း Text Message နဲ့ထားတာမျိုးထက် Authentication App တွေနဲ့ထားတာက ပိုပြီးတော့မှ လုံခြုံပါတယ်။
Twitter Privacy
ကိုယ့် Tweet တွေ ရဲ့ privacy setting
ပုံမှန် Default မှာတော့ ကိုယ့်ရဲ့ Tweet တွေကို လူတိုင်းမြင်ရလေ့ရှိပါတယ်။ ကိုယ် Tweet တွေကို ကိုယ့်ကို Follow မလုပ်တဲ့သူတွေ မမြင်စေချင်ဘူးဆိုရင်တော့ အောက်ပါအတိုင်း Setting တွေကို ချိန်ညှိထားလို့ရပါတယ်။
Blocking on Twitter
တစ်စုံတစ်ယောက်ကို Block မယ်ဆိုရင်တော့ ကိုယ် Block ချင်တဲ့သူရဲ့ Post ဘေးနားမှာရှိတဲ့ မျှားလေးကိုနှိပ်ပြီး
Block လုပ်လိုက်လို့ရပါတယ်၊ Block ခံလိုက်ရတဲ့ အကောင့်ပိုင်ရှင်ရဲ့ Tweet တွေကို မြင်ရတော့မှာမဟုတ်သလို သူ့အနေနဲ့လည်း စာပေးပို့ခြင်း နှင့် တစ်ဖက်လူမှ တင်သော Post တွေကို မြင်ရတော့မှာမဟုတ်ပါဘူး။