Select Your Favourite
Category And Start Learning.

ဝိရောဓိသုံးသွယ်အကြပ်အတည်းအကြားက

ဝိရောဓိသုံးသွယ်အကြပ်အတည်းအကြားက
မြန်မာ့အာဏာဖီဆန်ရေးလှုပ်ရှားသူများ

မိတ်ဆက် 

စစ်အာဏာရှင်၏ ဘက်ပေါင်းစုံ ဒီဂျစ်တယ်ဖိနှိပ်မှုများအကြားတွင် သတင်းစီးဆင်းမှု/အချက်အလက်တို့သည် လူ ပေါင်းများစွာအတွက် သေရေးရှင်ရေး ကိစ္စ ဖြစ်လာသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာစစ်တပ်သည်  အာဏာသိမ်း မှုကို ဆန့်ကျင်တော်လှန်သော လူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ထိန်းချုပ် ရန် ပြင်းထန်သော ဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် အင်တာနက်ချိတ်ဆက်မှုကို ဟန့်တားနိုင်သည့် နည်း လမ်းအမျိုးမျိုးကို သုံး စွဲခဲ့သည်။ ထို့အပြင် ယင်းတို့လုပ်ဆောင်နိုင်သမျှ နည်းလမ်းအမျိုးမျိုး ကိုလည်း သုံးစွဲ၍ ဆိုက်ဘာ ရပ်ဝန်းအား ဖိနှိပ်ခဲ့သည်။

ဆိုက်ဘာရပ်ဝန်းသည် စစ်တပ်၏ ပစ်မှတ်ထားဖိနှိပ်မှုများ ဦးတည်လုပ်ဆောင်နေသည့် နေရာတစ်ခုဖြစ်လာချိန်တွင် ဒီမိုကရေစီလိုလားသောအစုအဖွဲ့များ၏များစွာသောလုပ်ငန်းစဉ် များသည် ဒီဂျစ်တယ်ဖြစ်တည်မှု(Digital Presence)အပေါ်တွင် ကြီးမားစွာ မှီခိုနေရသော အခြေအနေဖြစ်နေကာ ယင်းသည်ပင် လျှင် ထိခိုက်လွယ်သောအခြေအနေများကို ဖြစ်ပေါ်နေစေသည်။ ဒီဂျစ်တယ်ဖြစ်တည်မှုဆိုသည်မှာ ဒီမိုကရေစီလိုလား သည့် အဖွဲ့အစည်းများအနေဖြင့် အင်အားစုဆောင်းမှု၊ သတင်းအချက်အလက်များပေးပို့မှုနှင့် လူထု၏ ကိုယ်စား ယုံကြည်ခြင်းဆိုင်ရာတည်ဆောက်မှု အားလုံးအတွက် ဒီဂျစ်တယ်ရပ်ဝန်းအား အားကိုအားထားပြုနေရသည်အနေအ ထားတစ်ခုကို ဆိုလိုပါသည်။ အကျိုးဆက်အနေဖြင့် ထင်ပေါ်ကျော်ကြားမှု၊ ယုံကြည်ကိုးစားခံရမှုနှင့် လုံခြုံရေးဆိုင်ရာ အရေးပါမှုဆိုသော ဝိရောဓိသုံးသွယ်အကြားတွင် ချိန်ညှိမှုရေချိန်အား ကိုင်တွယ်နိုင်မှုအပေါ်တွင် မူတည်နေသည်။ ယင်းဝိရောဓိသုံးသွယ်အကြားမှ လုပ်မှားကိုင်မှားအခြေအနေများအကြားတွင် လူအများ ဖမ်းဆီးခံ ရမှုများနှင့် ကလေးသူ ငယ်များ၏ ပညာရေးဆိုင်ရာအခွင့်အလမ်း ဆုံးရှုံးမှုကဲသို့သော ပြဿနာ များ ဖြစ်ပေါ်ခဲ့ရသည်။

ဘာတွေဖြစ်ခဲ့ဖူးသလဲ။ 

 

သိသာထင်ရှားသည့် ဖြစ်စဉ်တစ်ခုအဖြစ် “Kaung For You”၏ ဖြစ်စဉ်ကို ညွှန်းဆိုလိုပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကြားကာလပညားရေးဆိုင်ရာအစီအစဉ်တစ်ခုအနေဖြင့် ပြည်သူ့ပညာရေး ကျောင်းများအား အသိအမှတ်ပြုမူဝါဒများကို ထုတ်ပြန်ခဲ့သည်။  ကိုဗစ် ၁၉(Covid 19) ဖြစ်စဉ်နှင့် အာဏာသိမ်းမှု ဖြစ်စဉ်များကြောင့် နှောင့်နှေးသွားခဲ့ရသော ကျောင်းသူ/ကျောင်းသားများ၏ ပညာရေးဆိုင်ရာလိုအပ်ချက်ကို ဖြည့်စွမ်းနိုင်ရန်အတွက် ဖက်ဒရယ်ပညာရေးဆိုင်ရာကျောင်းများကို ဖွင့်လှစ်တည်ထောင်ခဲ့ကြပါသည်။ ထို သို့ ရည်ရွယ်ချက်ကောင်းများဖြင့် အားဖြည့်ပေးခဲ့သူများအထဲတွင် “Kaung For You (K4U)”ဆိုသည့်နာမည်ဖြင့်တည် ထောင်ခဲ့သည့် ကျောင်းတစ်ခုသည်လည်း အပါအဝင်ဖြစ်သည်။  “Kaung For You” သည် စတင်တည်ထောင်စဉ်ကတည်း က အလွန်ရေပန်းစားခဲ့ပြီး တရှိန်ထိုးကျော်ကြားခဲ့သည်။ ကျောင်း၏ ထင်ပေါ်လာမှုနှင့်အတူ “KFU” ကျောင်းအုပ်ဖြစ် သူ “ကောင်းသိုက်စိုး”သည်လည်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ကျောင်း၏ အောင်မြင်မှုနှင့်အတူ အလွန်ထင်ပေါ်လာ သည်။ ထိုသို့ထင်ရှားကျော်ကြားမှုကြောင့် အပ်နှံလိုသည့် ကျောင်းသား အရေအတွက်သည်လည်း မိုးထိအောင် ထိုးတက် သွားခဲ့သည်။ တစ်ဘက်တွင်လည်း စစ်ကောင်စီသည် လူမှုကွန်ယက်အား တင်းကြပ် စွာ စောင့်ကြည့်နေပြီး ဖြစ်နိုင်သမျှသော နည်းလမ်းပေါင်းစုံဖြင့် ဒီဂျစ်တယ်ဖိနှိပ်မှုများကို လုပ်ဆောင်လျှက်ရှိနေ ရာ ကျောင်းများသည် ဖိနှိပ်ဖျက်စီးစရာ ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။

 

ထင်ပေါ်မှုများမှ ဆက်လက်သက်ရောက်လာနိုင်သည့် ဖြစ်တန်ဖွယ်ရှိသောအန္တရာယ်များ အပေါ် “KFU” အနေဖြင့် သတိမမူမိခြင်းလား (သို့မဟုတ်) ရန်သူကို လျှော့တွက်ခဲ့ခြင်းလား ဆိုသည်ကိုမူ ကောက်ချက် ချရန် ခက်ခဲပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ (၂၀) ရက်နေ့၌ ကျောင်းတွင် အပ်နှံခဲ့သည့် ကျောင်းသား/ကျောင်းသူများထံ ခြိမ်း ခြောက်ငွေတောင်းခံသည့် ဖြစ်ရပ်တစ်ခု စတင်ပေါ်ပေါက်ခဲ့သည်။ “KFU” ၏ ကျောင်းသား/ကျောင်းသူများ၏ အချက်အ လက်များကို သိမ်းဆည်းထားသောဒေတာဘေ့စ်(Database)သည် စစ်တပ်လိုလားသူ အစုအဖွဲ့များ၏ ဟက်ခြင်း (သို့) တစ်နည်းနည်းဖြင့် ပေါက်ကြားသွားခြင်း ဖြစ်သွားဟန်ရှိသည်။ ယင်းပေါက်ကြား မှုတွင် ပါဝင်ခဲ့သည့် ကျောင်းသား/ကျောင်း သူများထံသို့ စာတို(SMS)များပေးပို့ကာ ငွေကြေး တောင်းခံခြင်းများခံရသော အခြေအနေများကို ကြုံတွေ့ခဲ့ကြရ သည်။ “KFU” အနေဖြင့် အစောတလျှင် ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းခဲ့သည်။ ထို့အပြင် အထက်တွင် ဖော်ပြခဲ့ သော အဖွဲ့အစည်းအတွင်း ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ စည်းမျဉ်းများချမှတ်ခြင်း အားနည်းမှုများကြောင့် လည်း ဖြစ်နိုင်ဖွယ်ရှိနေသည်ကို တွေ့ရသည်။ 

စုံစမ်းစစ်ဆေးရေးဆိုင်ရာ လျှင်မြန်စွာတုန့်ပြန်မှု အားနည်းခြင်း၏ အကျိုးဆက်ကြောင့် နောက် ဆက်တွဲဖြစ်ရပ်များ ထပ်မံဖြစ်ပွားလာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် စစ်ကောင်စီထောက်ခံသော လော်ဘီတယ်လီဂရမ်ချန်နယ်လ်(Lobby Telegram Channel)တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးချန်နယ်လ် က လည်း ၎င်းအနေဖြင့် အချက်အလက်များ ရရှိထားပြီး ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ရေးသားမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိလာရသည်။ ထို့နောက် ဆယ်ရက်ခန့်ကြာအပြီး ဇူလိုင်လ (၁၃) ရက်နေ့တွင် ကျောင်းတည်ထောင်သူ “ကောင်းသိုက်စိုး”အပါအဝင် ဆရာ/ဆရာမ အချို့သည် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ 

 

 

ဖြစ်ရပ်အား သုံးသပ်လေ့လာခြင်း 

 

 

ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်အား သုံးသပ်လေ့လာကြည့်ရာတွင် ထင်ပေါ်ကျော်ကြားမှု၊ ယုံကြည်ကိုးစားခံရမှုနှင့် လုံ ခြုံရေးဆိုင်ရာအရေးပါမှုဆိုသည့် သုံးသွယ်သော ဝိရောဓိများအား ထင်ရှားစွာ တွေ့မြင်ရသည်။ နောက်ထပ် အနေဖြင့် ကျောင်း၏ ထင်ပေါ်ကျော်ကြားမှု မြင့်တက်နေစဉ်အတွင်း ကျောင်း၏ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏ ကိုယ် ရေးကိုယ်တာ အချက်အလက်များကို အများသိအောင် ဖွင့်ပြခြင်းကြောင့် မလိုလားအပ်သော ဒေတာပေါက်ကြားမှု များ ဖြစ်ပေါ်စေခဲ့ပါသည်။  ယင်းလုပ်ဆောင်ချက်များသည် အဖွဲ့အစည်း၏ လုံခြုံရေးကို ထိခိုက်စေသည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ အဖွဲ့အစည်းအပေါ်တွင် ယုံကြည်ကိုယ်စားခဲ့သည့် ထောင်ပေါင်းများစွာသော ကျောင်းသားများ၏ လုံခြုံရေးကို ထိခိုက်စေခဲ့သည်။ ထို့အတူ အန္တရာယ်တစ်ခုအား ဖန်တီးလိုက်သကဲ့သို့လည်း ဖြစ်စေခဲ့သည်။  ယင်းကို ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာရှုထောင့်အရ သုံးသပ်ကြည့်ပါက အ ချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒများ အားနည်းခြင်း၊ အန္တရာယ်လျှော့ချရေး အရေးပေါ်အစီအမံများ အား နည်းခြင်းနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား တာဝန်ခံသိမ်းဆည်းမှုဆိုင်ရာ အားနည်းခြင်းများအပါအဝင် ကျောင်းသားကျောင်းသူများ၏ အရေးတကြီးမလိုအပ်လှသော အချက်အလက်များကိုပါ စုဆောင်းသိမ်းဆည်းထား ခြင်းတို့သည် ယင်းဖြစ်ရပ်ကြီး တစ်ခုလုံးကို ဖြစ်ပေါ်စေခဲ့သည့် အကြောင်းရင်းခံများဖြစ်သည်။

 

ဘာတွေ ဆောင်ရွက်ထားနိုင်သလဲ 

 

 

 

“KFU” ကဲ့သို့ဖြစ်ရပ်များကို ရှောင်ရှားနိုင်ရန်အတွက် မူဘောင်တစ်ရပ်ချမှတ်နိုင်ရေးကို ပထမတစ်ချက်အနေဖြင့် စဉ်းစားသင့်သည်။ တော်လှန်ရေးအင်အားစုများသည် အချက်အလက်ကောက်ယူစုဆောင်ခြင်းနှင့် အချက်အလက်များကို သိမ်းဆည်းကိုင်တွယ် စီမံဆောင်ရွက်ခြင်းအတွက် တိကျခိုင်မာသော မူဘောင်တစ်ခုလိုအပ်သည်။ အချက်အလက် ကာကွယ် ရေးဆိုင်ရာမူဘောင်တစ်ခု ပြတ်ပြတ်ထင်ထင်ရှိမနေသော နိုင်ငံတစ်ခုအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် အချက်အလက်စီမံခန့်ခွဲရေးဆိုင်ရာမူဝါဒတစ်ခုကို စီမံဆောင်ရွက်ရာတွင် မှီငြမ်းကိုးကားမှုဆိုင်ရာ အားနည်းမှုများ ကို  စိန်ခေါ်မှုများအဖြစ် တွေ့ရနိုင်သည်။ သို့သော်လည်း ဥရောပသမဂ္ဂ၏ ထင်ရှားသည့် “(General Data Protection Regulation (GDPR)”တွင်ပါဝင်သော ဒေတာလျှော့ချခြင်းဆိုင်ရာမူဝါဒ(Data Minimization Principle)သည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသော အဖွဲ့အစည်းများအတွက် အချက်အလက်စီမံခန့်ခွဲရေးဆိုင်ရာမူ ဘောင်တစ်ခု အကောင်အထည်ဖော်ရာတွင် လက်တွေ့ကျသည့်အချက်များ ဖြစ်နေသည်ကို တွေ့ရသည်။ ဒေတာလျှော့ချခြင်းဆိုင်ရာမူဝါဒအရ “ကိုယ်ရေးကိုယ်တာအချက်အလက်များသည် စီမံဆောင်ရွက်ရန်လို အပ်သည့် ရည်ရွယ်ချက်များတွင် ဖော်ပြထားသော အခြေအနေများအတွက် လိုအပ်သလောက်သာ ပြည့်စုံလုံ လောက်ရမည်၊ သက်ဆိုင်ရမည်၊ အကန့်အသတ်ရှိရမည်”ဖြစ်သည်။ 

  • ပြည့်စုံလုံလောက်ခြင်း – ဖော်ပြထားသော ရည်ရွယ်ချက်ကို ဖြည့်စွမ်းနိုင်ရုံမျှသာ ပြည့်စုံစေခြင်း
    • အဖွဲအစည်းများအနေဖြင့် ဖော်ပြထားသော ရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်စေရန် အလို့ငှာသာ အချက်အလက်များကို စုဆောင်းရန်နှင့် မည့်သည့်အချက်အလက်များကိုသာ စုဆောင်း ရန်လိုအပ်သည်ကို သေချာအောင် ဆောင်ရွက်ရန် လိုအပ်သည်။ 
  • သက်ဆိုင်စေခြင်း – ရည်ရွယ်ချက်ပေါ်မူတည်သည့် အကျိုးအကြောင်းဆီလျှော်သော သက်ဆိုင်မှုသာရှိခြင်း
  • အဖွဲ့အစည်းများအနေဖြင့် စုဆောင်းထားရှိခဲ့သည့်အချက်အလက်နှင့် ဖော်ပြခဲ့သည့် ရည်ရွယ်ချက်များ အကြား စပ်ဆက်မှုအတွက် ခိုင်မာသည့် အကျိုးအကြောင်းဆီလျှော်မှုရှိရန် လိုအပ်သည်။ 
  • အကန့်သတ်ရှိခြင်း – အကန့်အသတ်တစ်ခုအတွင်း လိုအပ်သလောက်သာ အချက် အလက်များ စုဆောင်းရမည်။
    • အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့အတွက် မဖြစ်မနေလိုအပ်သည့် အနည်းဆုံးသော အချက် အလက်ပမာဏကိုသာ ရယူထားကြောင်း သေချာစေရန် လိုအပ်သည်။

အချက်အလက်ကောက်ယူမှုနှင့်သက်ဆိုင်သည့် အခြေခံဥပဒေသဆိုင်ရာအချက်များကို “GDPR” ၏  “Article 5(1)(c)”နှင့် “Article 4(1)(c)”တွင် ဖော်ပြထားသည်။ ယူကေ(UK)၏ သတင်းအချက်အလက်ဆိုင်ရာ မဟာမင်းကြီးရုံး (ICO)အနေဖြင့်လည်း အချက်အလက် သိမ်းဆည်းမှုနှင့် ပါတ်သက်ပြီး စစ်ဆေးနိုင်ရန်အတွက် ပြည့်စုံသည့် စစ်ဆေးရေး စာရင်းတစ်ခုကို ထောက်ပံ့ပေးထားသည်။ ယင်းဒေတာလျှော့ချခြင်းဆိုင်ရာမူဝါဒ(Data Minimization  Principle )ဆိုင်ရာ စစ်ဆေးရေးစာရင်းကို အသုံးပြုပြီး မိမိတို့၏ အချက်အလက် စုဆောင်းမှုဆိုင်ရာ လုပ်ငန်းစဉ်အား  ပြန်လည်ဆင်ခြင်သုံးသပ် ကြည့်နိုင်ပါသည်။ 

 

  • ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ တိကျစွာ သတ်မှတ်ထားသည့် ရည်ရွယ်ချက်များအတွက် အမှန်တကယ် လိုအပ်သော အချက်အလက်ကိုသာ စုဆောင်းမည်။ 
  • ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ရန်တွက်သာ လုံလောက်သည့် ကိုယ်ရေးကိုယ်တာ အချက်အ လက်များ ရှိနေပါသည်။ 
  • သိမ်းဆည်းထားသည့်အချက်အလက်များကို ကာလအပိုင်းအခြားအလိုက် ပြန်လည်သုံးသပ်ပြီး မလို အပ်တော့သော အချက်အလက်များအား ဖျက်စီးပါမည်။ 

တိုင်းပြည်၏ ဒီဂျစ်တယ်ဖိနှိပ်မှုပြင်းအား များလာသည့် အခြေအနေအသီးသီးတွင် မိမိတို့၏ အဖွဲ့အစည်းအတွင်း သဘောတူထား သည့် ဒီဂျစ်တယ်ဆက်သွယ်ရေးဆိုင်ရာနည်းလမ်းများနှင့် ကျရောက်လာနိုင်သည့် ဒီဂျစ်တယ်ဆိုင်ရာ အန္တရာယ်များအပေါ် တုန့်ပြန်နိုင်သည့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အစီအစဉ်ထားရှိမှုကို ဒုတိယအချက်အဖြစ် စဉ်းစားသင့် သည်။  နွေဦးလုံခြုံရေးချန်နယ်သည် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အစီအစဉ်တစ်ခုကိုဖန်တီးရာတွင် ထိရှလွယ်သောအခြေအနေအသီးသီးပေါ်မူတည်ပြီး “Code Green, Code Yellow and Code Green”များကို အဆင့်အလိုက် သတ်မှတ်ထားသည်။ ထိုသို့အဆင့်အလိုက် ခွဲခြားထားခြင်းသည် ရိုးရှင်းပြီး အခြေအနေအ မျိုးမျိုးအတွက် ခြုံငုံမှုရှိနိုင်သည်။ ဒီဂျစ်တယ်လုံခြုံရေး ဆိုင်ရာနည်းဗျူဟာများကို ပံ့ပိုးပေးထားနိုင်ပါသည်။ Tactical Technology Collective ၏ သုတေသနလုပ်မှုမှ ထွက်ပေါ်လာသည့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာအလေ့အကျင့်ကောင်း များ၊ ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာကိရိယာများနှင့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာမူဝါဒများ ချမှတ်ရေးအတွက် လမ်းညွှန်ချက်များကိုလည်း လေ့လာနိုင်ပါသည်။ 

  အနှစ်ချုပ်အနေဖြင့် ကျွန်ုပ်တို့၏ လူမှုဘဝတွင် ဒီဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ထားမှု များကြောင့် ဒီဂျစ် တယ်ဆိုင်ရာ ခြိမ်းခြောက်မှုများသည့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအပေါ် အန္တရာယ်ကျရောက်လာနိုင်ကြောင်း သတိရှိရန် လို အပ်သည်။ အချက်အလက် များသည် ကုစားခြင်းဖြစ်နိုင်သလို ကျွန်ုပ်တို့အတွက် ကံဆိုးမိုးမှောင်ကျမှုများလည်း ဖြစ်နိုင် သည်။ ထို့ကြောင့် အများနှင့်သက်ဆိုင်သည့် အချက်အလက်များအား ကိုင်တွယ်ရာတွင် စီမံ ဆောင်ရွက်မှုဆိုင်ရာ အဓိကကျသည့် ပင်မအစိတ်အပိုင်းတစ်ခုအဖြစ် အဖွဲ့အစည်းများက ဆင်ခြင်သင့်သည်။ အချက်အ လက်လုံခြုံရေးဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် လိုက်နာ ကျင့်သုံးမှုတို့သည်  ထင်ပေါ်ကျော်ကြားမှု၊ ယုံကြည်ကိုးစားခံရ မှုနှင့် လုံခြုံရေးဆိုင်ရာအရေးပါမှု သုံးသွယ်သောဝိရောဓိပြဿနာကို ဖြေရှင်နိုင်သည်။ တော်လှန်ရေးကာလအတွင်း  ရှင်သန်ခြင်း နှင့် သေဆုံးခြင်းတို့အတွက်ပင် အဆုံးအဖြတ်ပေးသွားနိုင်ပါသည်။

 

Leave a comment

-->
Skip to content